Huawei P40 ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

Huawei P40 လို့ ထင်ရတဲ့ စမတ်ဖုန်း ၁ လုံးရဲ့ ဓါတ်ပုံတွေ မကြာခင်က အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပြီး မျက်နှာပြင် သတင်းအချက်အလက် တချို့ကို သိလာရပါပြီ။ ၆.၅၇ လက်မ FHD+ AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး HDR ကို ထောက်ပံ့ပါတယ်။ DCI-P3 Color Space ရဲ့ ၁၀၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးနိုင်ပါတယ်။ ဒါကတော့ အလန်းစား စွမ်းရည်မြင့် ဖုန်း ၁ လုံးရဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။

Pro ဗားရှင်းမှာ အရှေ့ကင်မရာ ၂ လုံးကို Punch Hole မှာ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ ကင်မရာတွေကို Leica နဲ့ ပူးပေါင်းဖန်တီးထားမယ်လို့ သိရပါတယ်။ အရှေ့နဲ့ အနောက်ဘက်ကို Curved Panel နဲ့ ဖုံးအုပ်ထားနိုင်ပါတယ်။

ဒါပေမယ့် အခု ဓါတ်ပုံအရ Mate 30 Pro မှာလောက် မကွေးညွှတ်တာ မြင်ရပါတယ်။ အဲဒီအတွက် P40 မှာ Waterfall မျက်နှာပြင် ပါလာမှာ မဟုတ်ပါဘူး။ အနောက်ကင်မရာတွေက အနည်းငယ် ငေါထွက်နေတာကို မြင်ရပါတယ်။ P40 ကို နောက်နှစ် မတ်လလောက်မှာ ကြေညာမှာ ဖြစ်တဲ့အတွက် ဒီအချိန်ထွက်လာတဲ့ သူ့ရဲ့ သတင်းအချက်အလက်တွေက စောပါသေးတယ်။

Ref : gsmarena

%d bloggers like this: