Huawei Mate 30 Pro 5G ရဲ့ 8/128GB မော်ဒယ်ကို ရောင်းပြီ

Huawei က Mate 30 Pro 5G ရဲ့ ဈေးပေါတဲ့ မော်ဒယ်ကို ရောင်းပေးလိုက်ပါပြီ။ 8/128GB ပါပြီး ယွမ် ၆,၃၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၃ သိန်းလောက်ရှိပါတယ်။ အရင်က 8/256GB နဲ့ 8/512GB မော်ဒယ် ၂ မျိုးရောင်းချထားပါတယ်။

Mate 30 5G မှာ ၆.၆၂ လက်မ 1080x2340p Full HD+ Display နဲ့ Mate 30 Pro 5G မှာ ၆.၅၃ လက်မ 1176x2400p Full HD+ Display တပ်ဆင်ထားပါတယ်။ OLED Panel တွေ ဖြစ်ပြီး ရုပ်ထွက် အရမ်းလန်းပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ HiSilicon Kirin 990 5G Chipset မောင်းနှင်ထားပါတယ်။ Waterfall Screen ထည့်သွင်းထားပြီး ဘေးဘက်တွေအထိ ဖုံးအုပ်ထားပါတယ်။ Android 10 အခြေပြု EMUI 10.0 ထည့်ထားပေမယ့် Google Apps နဲ့ Services တွေ မပါပါဘူး။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ 3D Face Unlock နဲ့ သင့် လက်လှုပ်ရှားမှုကို အာရုံခံနိုင်တဲ့ Gesture Sensor ပါပါတယ်။

ဖုန်းကို Unlock လုပ်ခြင်း၊ စကရင်ရှော့ ရိုက်ခြင်းတွေလို အလုပ်တွေ လုပ်ချင်ရင် စကရင်ကို မျက်လုံးနဲ့ ကြည့်ခြင်း ဒါမှမဟုတ် လက်လှုပ်ရှားခြင်းတွေ လုပ်လိုက်တာနဲ့ အိုကေပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါပါတယ်။ 40W Wired Charging အပြင် Wireless Revrse Charge ပါတဲ့ အတွက် တခြား ကိရိယာတွေကို ကြိုးမဲ့အားသွင်းပေးပါတယ်။ Mate 30 Pro 4G အတွက် Black, Space Silver, Cosmic Purple နဲ့ Emerald Green အရောင်တွေ အပို ထုတ်လုပ်ပေးထားပါတယ်။

Ref : gsmarena

%d bloggers like this: