Nokia C1 Android Go Edition ကို ကြေညာ

5G စမတ်ဖုန်းတွေ ခေတ်စားနေတဲ့ အချိန်မှာ HMD Global က 3G စမတ်ဖုန်း ၁ လုံးကို ကြေညာလိုက်ပါတယ်။ Nokia C1 လို့ နာမည်ပေးထားပြီး ၅.၄၅ လက်မ FWVGA+ IPS Display တပ်ဆင်ထားပါတယ်။ Quad-core SoC မောင်းနှင်ထားပြီး Android 9.0 Pie Go Edition ပါပါတယ်။ Go Edition ဖြစ်တဲ့အတွက် ဖုန်း သုံးရတာ လျှင်မြန်သွက်လက်စေပါတယ်။ အရှေ့ဘက်နဲ့ အနောက်ဘက်မှာ 5MP ကင်မရာ ၁ လုံးစီ တပ်ဆင်ထားပြီး LED Flash ပါပါတယ်။

Nokia C1 specifications

• 5.45-inch (480 x 960 pixels) FWVGA+ 18:9 display
• 1.3GHz quad-core processor
• 1GB RAM, 16GB internal storage, expandable memory up to 64GB with microSD
• Android 9.0 (Pie) Go Edition
• Single / Dual SIM
• 5MP auto focus rear camera with LED flash with f/2.4 aperture
• 5MP front camera with LED flash
• 3.5mm jack, FM Radio, Google Assistant Button
• Dimensions: 147.6 x 71.4 x 8.7 mm; Weight: 155g
• 3G, WiFi 802.11 b/g/n, Bluetooth 4.2, GPS, micro USB
• 2500mAh removable battery

Nokia C1 အတွက် အနက်နဲ့ အနီရောင်တွေ ထုတ်လုပ်ထားပြီး ၅၉ ဒေါ်လာပဲရှိပါတယ်။ မြန်မာငွေ ၉ သောင်းလောက်ပဲရှိပြီး အာဖရိက၊ အရှေ့အလယ်ပိုင်းမှာ ရောင်းချမှာပါ။

Ref : fonearena

%d bloggers like this: