Redmi K20 Series တွေ အလုံးရေ ၄.၅ သန်း ရောင်းချနိုင်ပြီ

Redmi K20 နဲ့ K20 Pro တို့ကို မေလမှာ ကြေညာခဲ့ပြီး မနေ့ကပဲ Redmi K30 Series တွေကို ချပြခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Redmi K20 Series တွေ အလုံးရေ ၄.၅ သန်း ရောင်းချနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။

Xiaomi က တရုတ်မှာ Redmi K20 နဲ့ K20 Pro အလုံးရေ ၁ သန်း ရောင်းချနိုင်ပြီလို့ ဇူလိုင်လက ကြေညာခဲ့ပါတယ်။ သူတို့ကို မေလ ၂၈ ရက်မှာ ကြေညာခဲ့ပြီး အလုံးရေ ၁ သန်း ပြည့်ဖို့ ၄ ၊ ၅ ကြိမ်လောက် Flash Sale ပြုလုပ်ပေးခဲ့တာပါ။ ဇွန်လဆန်းပိုင်းကလည်း Xiaomi က Redmi K20 Pro ကို ၁ နာရီနဲ့ ၄၅ မိနစ်အတွင်းမှာ အလုံးရေ ၂၀၀ ၀၀၀ ရောင်းချပေးနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ 6/64GB ကို ၃၆၂ ဒေါ်လာ ၊ 6/128GB ကို ၃၇၆ ဒေါ်လာ ၊ 8/128GB ကို ၄၀၅ ဒေါ်လာနဲ့ 8/256GB ကို ၄၃၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Redmi K20 Pro မှာ 6.39-inch ရှိတဲ့ FHD+ OLED Display ပါရှိပြီး၊ ရှေ့ကင်မရာကို Pop-up ဒီဇိုင်းအသုံးပြုထားတာကြောင့် လုံးဝ မျက်နှာပြင်အပြည့်ဖြစ်နေမှာပါ။ ကျောကင်မရာ သုံးလုံးပါဝင်ပြီး၊ Sony IMX586 ဆန်ဆာသုံး 48MP main camera၊ Ultra-wide-angle lens နဲ့ 13MP ဒုတိယကင်မရာနဲ့ 8MP telephoto ကင်မရာတို့ ဖြစ်ပါတယ်။ slow-mo ဗီဒီယိုကို 960fps နဲ့ ရိုက်ကူးနိုင်မှာပါ။ ရှေ့က မော်တာတပ် Selfie ကင်မရာကတော့ 20MP sensor ဖြစ်ပါတယ်။ ကင်မရာမှာ AI လုပ်ဆောင်ချက်တွေလည်း ပါဝင်မှာပါ။

Redmi K20 Pro မှာ Flagship ဖုန်းတော်တော်များများမှာလိုပဲ 4,000mAh ဘက်ထရီကို အသုံးပြုပေးထားပါတယ်။ Xiaomi Mi 9 နဲ့ Black Shark 2 ဖုန်းတွေမှာ ပါဝင်တဲ့ 27W အားအမြန်သွင်းစနစ်လည်း ပါဝင်မှာပါ။ မိနစ် ၃၀ အတွင်း ၅၈ ရာခိုင်နှုန်းအထိ သွင်းပေးနိုင်ကာ၊ အားအပြည့်သွင်းဖို့ ၇၄ မိနစ်ပဲ ကြာမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: