OPPO Reno3 Series တွေကို ဒီလ ၂၆ ရက်မှာ ကြေညာမည်

OPPO က ပြီးခဲ့တဲ့ လက ColorOS 7 ကို တရုတ်မှာ ကြေညာခဲ့တဲ့အချိန်မှာ Reno3 Series စမတ်ဖုန်းတွေကို ဒီဇင်ဘာလမှာ ကြေညာမယ်လို့ ပြောပါတယ်။ အခုတော့ ဒီလ ၂၆ ရက်မှာ ကြေညာမယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။


Reno3 Series တွေထဲမှာ Reno3 , Reno3 Pro နဲ့ Reno3 Pro 5G တွေ ပါမှာ ဖြစ်ပြီး တရုတ် နိုင်ငံ ဟန်ဇူးမှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ OPPO က မျှဝေထားတဲ့ Teaser တွေ အရ Reno3 မှာ Waterdrop Notch Display နဲ့ အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Pro မော်ဒယ်မှာ Punch Hole Display နဲ့ အနောက်ကင်မရာ ၄ လုံး ပါလာမှာ ဖြစ်ပါတယ်။

Reno3 မှာ Snapdragon 730G SoC မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Pro မော်ဒယ်နဲ့ 5G မော်ဒယ်မှာ Snapdragon 765G SoC ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ OPPO က Reno3 Series တွေရဲ့ Specs အပြည့်အစုံကို မပြောသေးပါဘူး။ ဒါပေမယ့် Reno3 နဲ့ Pro 5G ရဲ့ သတင်းအချက်အလက်တွေ မကြာခင်က TENAA မှာ ထွက်ပေါ်ခဲ့ပါတယ်။

Ref : gsmarena

%d bloggers like this: