10th Gen Intel Core Processor တွေပါတဲ့ RedmiBook 13 ကို ကြေညာပြီ

Redmi က အလန်းစား RedmiBook 13 လက်ပ်တော့ကို ကြေညာလိုက်ပါတယ်။ သူဟာ RedmiBook 14 ရဲ့ အရွယ်သေး မော်ဒယ် ဖြစ်ပါတယ်။ RedmiBook 13 မှာ ၁၃.၃ လက်မ Full HD မျက်နှာပြင်ထည့်သွင်းထားပြီး မျက်နှာပြင်ရဲ့ လေးဘက်လေးတန်က ဘောင်တွေက အရမ်းပါးလွှာတဲ့ ဘောင်ပျောက် ဒီဇိုင်းပါ။ 10th Gen Intel Core i5 or i7 Processor တွေ ရွေးချယ်နိုင်ပါတယ်။

အထူက ၁၇.၈ မီလီမီတာပဲ ရှိပြီး အရမ်းပါးလွှာပါတယ်။ Custom Wing Fan ထည့်သွင်းထားပြီး လေဝင်လေထွက်ကို ၂၅ ရာခိုင်နှုန်း ပိုကောင်းစေပါတယ်။ အပူချိန်ကို လျှော့ချပေးတဲ့ နည်းပညာ ပါပါတယ်။ 40W Battery က ၁၁ နာရီလောက် အသုံးခံပါတယ်။ ၃၅ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

RedmiBook 13 specifications

• 13.3-inch (1920 x 1080 pixels) 16:9 display, 178° wide viewing angle, 250 nits brightness
• 1.8GHz Intel Core i7-10510U (8MB L3 Cache, up to 4.9GHz) / 1.6GHz Intel i5-10210U processor (6MB Cache, up to 4.2GHz)
• 2GB GDDR5 NVIDIA GeForce MX250 graphics
• 8G DDR4 2133MHz RAM, 512GB SATA SSD storage
• Windows 10
• WiFi 802.11ac 2×2 (2.4GHz and 5GHz), Bluetooth 5.0, 2 x USB 3.1 Gen1 port , HDMI
• Dimensions:323x228x17.95mm ; Weight:1.5kg
• 3.5mm headphone / microphone jack, Realtek ALC256 , 2x 2W speakers, DTS audio
• 40W battery with fast charging, up to 11h battery life

Moonlight Silver အရောင် ထုတ်လုပ်ထားပါတယ်။ Core i5 + 8GB RAM + 512GB SSD + MX250 မော်ဒယ်ကို ၄၁၉၉ ယွမ်၊ Core i5 + 8GB RAM + 512GB SSD + MX250 မော်ဒယ်ကို ၄၄၉၉ ယွမ်နဲ့ Core i7 + 8GB RAM + 512GB SSD + MX250 မော်ဒယ်ကို ၅၁၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈၉၀ ၀၀၀ ၊ ၉၆၀ ၀၀၀ နဲ့ ၁ ၁၁၀ ၀၀၀ လောက် အသီးသီး ရှိပါတယ်။

Ref : fonearena

%d bloggers like this: