Apple က Mac Pro (2019) နဲ့ Pro Display XDR ကို ဒီဇင်ဘာလ ၁၀ ရက်မှာ ရောင်းမည်

Apple က Mac Pro (2019) နဲ့ Pro Display XDR ကို ဒီဇင်ဘာလ ၁၀ ရက်မှာ ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက စားသုံးသူတွေထံ အီးမေးပို့ပြီး အသိပေးလိုက်တာပါ။ Apple က အဲဒီ ကွန်ပြူတာကို ဇွန်လမှာ ကျင်းပခဲ့တဲ့ WWDC 2019 မှာ ကြေညာခဲ့ပေမယ့် အခုမှ ရောင်းပေးမှာပါ။

Mac Pro ရဲ့ အခြေခံဈေးနှုန်းဟာ ဒေါ်လာ ၆၀၀၀ ရှိပြီး မြန်မာငွေ သိန်း ၉၀ လောက် တန်ကြေးရှိပါတယ်။ အဲဒီ မော်ဒယ်မှာ Octa-core Intel Xeon W Chip , 32GB Memory နဲ့ AMD Radeon Pro 580X Graphics တွေ ပါပါတယ်။ သူ့ထက် ဈေးမြင့်တဲ့ မော်ဒယ်တွေလည်း ရှိပါတယ်။ Pro Display XDR ကို ဒေါ်လာ ၅၀၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၇၅ သိန်းလောက်ရှိပါတယ်။ Mac Pro နဲ့ မော်နီတာ ၂ ခုပေါင်းရင် ၁၆၅ သိန်းလောက် ကျသင့်မှာပါ။

စွမ်းရည် အမြင့်ဆုံး မော်ဒယ်ရဲ့ ဈေးနှုန်းကိုတော့ ကုမ္ပဏီက မပြောသေးပါဘူး။ The Verge က စွမ်းရည်အမြင့်ဆုံး မော်ဒယ်ရဲ့ ဈေးနှုန်းကို တွက်ချက်ပြထားပါတယ်။ သူ့ရဲ့ တန်ဖိုးဟာ အနည်းဆုံး ဒေါ်လာ ၃၃ ၇၂၀ ရှိနိုင်ပါတယ်။ မြန်မာငွေ သိန်း ၅၀၀ လောက်ရှိမှာပါ။ ဒါတောင် GPU လေးလုံးကို ထည့်မတွက်ထားပါဘူး။ ထည့်တွက်လိုက်ရင် ဒေါ်လာ ၄၅ ၀၀၀ လောက် ဖြစ်သွားမှာပါ။ ဒါဆိုရင် မြန်မာငွေ သိန်း ၆၇၀ လောက်ရှိသွားမှာပါ။

Video Editor နဲ့ အခြား တီထွင်ဖန်တီးရတဲ့ အလုပ်များအတွက်တော့ မြင့်မားတဲ့ စွမ်းရည် လိုအပ်ပါတယ်။ 28 Core Intel Xeon W Processor , 1.5TB RAM , 4TB SSD Storage နဲ့ AMD Radeon Pro Vega II Duo GPUs များ ထည့်ထားမှ အဆင်ပြေမှာပါ။

Pro Display XDR Monitor နဲ့ Pro Stand ကိုပါ ထည့်တွက်ရင် ဒေါ်လာ ၅၀ ၀၀၀ လောက် ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ ဈေးကွက်ထဲမှာ ရောင်းချထားတဲ့ ဈေးများနဲ့ တွက်ချက်ထားတာပါ။ Apple ကတော့ ထုံးစံအတိုင်း အဲဒီဈေးထက်ပိုတောင်းမှာပါ။

Ref : techradar

%d bloggers like this: