AnTuTu က နိုဝင်ဘာလအတွက် စွမ်းရည်အမြင့်ဆုံး Android ဖုန်းတွေကို ကြေညာ

AnTuTu က နိုဝင်ဘာလအတွက် စွမ်းရည်မြင့်နဲ့ စွမ်းရည်သင့် ဖုန်းတွေထဲမှာ အကောင်းဆုံး ဖုန်းတွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နိုဝင်ဘာလ ၁ ရက်ကနေ ၃၀ ရက်နေ့အတွင်းက ဒေတာတွေအပေါ် တွက်ချက်ထားတာပါ။ စွမ်းရည်မြင့် ဖုန်း စာရင်းမှာ Asus ROG Phone II က အလန်းဆုံး ဖြစ်နေပြီး သူ့အောက်မှာ OnePlus 7T , OnePlus 7T Pro နဲ့ Realme X2 Pro တို့ ရှိနေပါတယ်။ Snapdragon ပါတဲ့ ဖုန်းတွေပဲ ထိပ်ပိုင်းမှာ ဦးဆောင်နေပြီး Exynos 9825 ပါတဲ့ Galaxy Note 10+ 5G က နံပါတ် ၁၀ နေရာမှာပဲ ရှိနေပါတယ်။ စာရင်း အပြည့်အစုံကို အောက်မှာ ရှိုးပါ။

စွမ်းရည်သင့် ဖုန်း စာရင်းမှာ သရဖူဆောင်းသွားတာက Redmi Note 8 Pro ဖြစ်ပြီး Helio G90T ကို အထင်သေးလို့ မရပါဘူး။ သူ့အောက်မှာ OPPO Reno2 , Mi 9T နဲ့ Galaxy A80 တို့ ရှိနေပါတယ်။ Reno2 မှာ Snapdragon 730G နဲ့ တခြား ဖုန်း ၂ လုံးမှာ Non-G Version သုံးထားပါတယ်။ စာရင်း အပြည့်အစုံကို အောက်မှာ ရှိုးပါ။

AnTuTu က စွမ်းရည်မြင့် Chipset နဲ့ UFS Storage တွေပါတဲ့ ဖုန်းတွေဟာ စွမ်းရည်မြင့်မားတယ်လို့ ပြောပါတယ်။ Dual-channel UFS က ရမှတ်ကောင်းတွေရစေပါတယ်။ ဒါကတော့ နိုဝင်ဘာလ စာရင်းပါ။ ဒီဇင်ဘာလထဲမှာလည်း အမိုက်စား ဖုန်းတွေ မိတ်ဆက်ထားတဲ့အတွက် ဒီဇင်ဘာလရဲ့ AnTuTu စာရင်းဟာ ရင်ခုန်စရာ အရမ်းကောင်းမှာပါ။

Ref : gsmarena

%d bloggers like this: