Xiaomi Mi Note 10 ကို လာမယ့်နှစ် ဇန်နဝါရီလမှာ ရောင်းနိုင်

Mi Note 10 ဟာ တရုတ်က Mi CC9 Pro ရဲ့ နိုင်ငံတကာဗားရှင်း ဖြစ်သလို Mi Note 10 Pro ဟာလည်း Mi CC9 Pro Premium Edition ရဲ့ နိုင်ငံတကာ ဗားရှင်း ဖြစ်ပါတယ်။ သူတို့ကို ဥရောပနဲ့ တရုတ်မှာ ရောင်းပေးထားပြီးပါပြီ။ အခုတော့ အိန္ဒိယမှာ လာမယ့်နှစ် ဇန်နဝါရီလမှာ ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။

သူတို့ ၂ လုံးစလုံးမှာ Snapdragon 730G Chipset , 6.47” FHD+ AMOLED Display , Under Display Fingerprint Sensor နဲ့ 32MP Selfie Camra တွေပါတာ တူကြပါတယ်။ အနောက်ဘက်မှာ 108MP Main , 20MP Ultrawide , 5MP Telephoto , 2MP Depth Sensor နဲ့ 12MP Sensor တွေ ဖြစ်ပါတယ်။ Pro Model မှာ RAM / Storage ပိုများပြီး 108MP Camrera အတွက် 7P အစား 8P ကို သုံးထားပါတယ်။

အနောက်ဘက်ကို Corning Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ NFC ဆက်သွယ်မှု ထောက်ပံ့ထားပါတယ်။ 30W Fast Charging က ၃၀ မိနစ်အားသွင်းရင် ၅၈ ရာခိုင်နှုန်းနဲ့ ၆၅ မိနစ်အားသွင်းရင် ၁၀၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

Xiaomi Mi Note 10 specifications

• 6.47-inch (2340 × 1080 pixels) Full HD+ AMOLED 19.5:9 aspect ratio display with 600nit (HBM) / 430nit(Typ) brightness, 400000:1 (Min) contrast ratio, DCI-P3 Wide Color Gamut, Corning Gorilla Glass 5 protection
• Octa Core (2.2GHz Dual + 1.8GHz Hexa) Snapdragon 730G Mobile Platform with Adreno 618 GPU
• 6GB LPPDDR4x RAM with 128GB UFS 2.1 storage / 8GB LPPDDR4x RAM with 256GB UFS 2.1 storage
• Dual SIM (nano + nano)
• MIUI 11 based on Android 9.0 (Pie)
• 108MP rear camera with 1/ 1.33″ Samsung HMX sensor, 0.8μm pixel size, f/1.69 aperture, OIS, 7P lens (8P in Pro), Dual flash, 12MP 1/2.6-inch 2PD sensor with 1.4um for 2x zoom and portrait, 5MP telephoto lens for 10x hybrid zoom and 50x digital zoom, 5x optical zoom, OIS, 20MP 117° ultra-wide angle lens, 2MP macro lens for 1.5cm macro shots, 4k 30fps, 960fps at 720p
• 32MP front-facing camera with f/2.0 aperture
• In-display fingerprint sensor, Infrared sensor
• 3.5mm audio jack, Hi-Res audio, 1216 1.0cc speaker
• Dimensions: 157.8×74.2×9.67mm; Weight: 208g
• Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, NFC, USB Type-C
• 5260mAh (Typical) / 5160mAh (minimum) battery with 30W fast charging

Aurora Green, Glacier White နဲ့ Midnight Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ဥရောပမှာ 6/128GB ကို ၅၄၉ ယူရို သတ်မှတ်ထားပါတယ်။ 8/256GB ပါတဲ့ Mi Note 10 Pro ကို ၆၄၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၉၂၀ ၀၀၀ နဲ့ ၁ ၀၉၀ ၀၀၀ လောက်ရှိပါတယ်။

Ref : gizmochina

%d bloggers like this: