108MP ကင်မရာ ပါလာနိုင်တဲ့ Samsung Galaxy S11

Samsung ရဲ့ 108MP ကင်မရာကို Xiaomi Mi Mix Alpha နဲ့ Mi Note 10 မှာ မြင်တွေ့ခဲ့ကြရပြီးပါပြီ။ Samsung Galaxy Fold 2 မှာလည်း 108MP ကင်မရာ ပါမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Bloomberg က လာမယ့်နှစ်ထွက်မယ့် Galaxy S11 မှာ 108MP ကင်မရာ ပါမယ်လို့ ပြောပါတယ်။ ဒါ့အပြင် 5x Telephoto Lens ပါ ထည့်သွင်းထားနိုင်ပါတယ်။

နာမည်ကျော် Leakster ၁ ယောက်ဖြစ်တဲ့ Iceuniverse က Galaxy S11 မှာ ပါမယ့် 108MP Sensor ဟာ အသစ်ဖြစ်မယ်လို့ ပြောပါတယ်။ Xiaomi CC9 Pro/ Mi Note 10 မှာ ပါတဲ့ 108MP Sensor မဟုတ်ဘူးလို့ သိရပါတယ်။

108MP Sensor အသစ်ရဲ့ သတင်းအချက်အလက်နဲ့ စွမ်းဆောင်ချက်တွေကို မသိရသေးပါဘူး။ Xiaomi CC9 Pro/ Mi Note 10 မှာ ပါတဲ့ 108MP Sensor ဟာ အရွယ်အစား အရမ်းကြီးမားတဲ့အတွက် 4 in 1 Pixel Binning နည်းပညာကို အသုံးပြုပြီး 27MP Photos တွေကို ဖန်တီးပေးနိုင်တယ်လို့ ကြေညာထားပါတယ်။

Ref : theverge

%d bloggers like this: