Redmi K30 ရဲ့ ဘူးခွံ ဓါတ်ပုံထွက်ပေါ်လာ

မနက်ဖြန်မှာ Redmi K30 ကို တရားဝင် ချပြတော့မှာ ဖြစ်ပါတယ်။ ပွဲမတိုင်ခင်မှာပဲ သူ့ရဲ့ ဘူးခွံ ဓါတ်ပုံတွေ တရုတ် လူမှုကွန်ရက် ဝီဘိုကနေ ထွက်ပေါ်လာပါတယ်။ ဘူးခွံဟာ အဖြူရောင် ဖြစ်ပြီး Redmi K30 စာသားကို ထင်ထင်ရှားရှား ရေးသားထားပါတယ်။ DualSIM Hybrid Slot ကိုလည်း မြင်ရပြီး အနီရောင်မော်ဒယ်ကို ပြသထားပါတယ်။

Redmi K30 ကို မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားမှာပါ။ 5G မော်ဒယ်မှာ အသစ်စက်စက် ကြေညာထားတဲ့ Qualcomm Snapdragon 765G နဲ့ 4G မော်ဒယ်မှာ Snapdragon 730G Chipset ပါလာမှာ ဖြစ်ပါတယ်။ အနည်းဆုံး 6GB RAM နဲ့ အများဆုံး 12GB RAM အထိ ရွေးချယ်နိုင်မှာပါ။ ၆.၆၇ လက်မ Full HD+ Display တပ်ဆင်ထားပြီး အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာမှာပါ။ မနက်ဖြန်မှာ သူ့ရဲ့ သတင်းအချက်အလက် အပြည့်အစုံကို သိရတော့မှာပါ။

Ref : gsmarena

%d bloggers like this: