Galaxy Note 10 နဲ့ ဒီဇိုင်းတူမယ့် Samsung Galaxy A71

Galaxy A71 ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ မကြာခဏ ထွက်ပေါ်နေပါတယ်။ အခုတော့ နာမည်ကျော် Leakster ၁ ယောက်ဖြစ်တဲ့ Evan Blass က သူ့ရဲ့ ဓါတ်ပုံ ၁ ပုံကို တွစ်တာမှာ ဖွလိုက်ပါတယ်။ Galaxy A71 မှာ Note 10 မှာလို Infinity-O AMOLED Display တပ်ဆင်ထားတာ မြင်ရပါတယ်။ ဖုန်းမှာ ဖေဖော်ဝါရီလ ၂၀ ရက်စွဲကို ပြသထားတဲ့ အတွက် MWC 2020 မှာ သူ့ကို ကြေညာနိုင်ပါတယ်။

Korean Certification ရဲ့ စာရင်းမှာ Galaxy A71 မှာ 4500mAh Battery ပါလာမယ်လို့ ဖော်ပြထားပါတယ်။ Battery ကို ကုမ္ပဏီ ၂ ခုက ထုတ်လုပ်ထားတာ ဖြစ်ပြီး အိန္ဒိယမှာ Elentec နဲ့ ဗီယက်နမ်မှာ Samsung SDI တို့က ထောက်ပံ့ပေးထားတာပါ။

လက်ရှိ 5G Phone တွေရဲ့ ဈေးက အရမ်းမြောက်ပြီး ဘောစိတွေပဲ ကိုင်နိုင်မှာပါ။ အဲဒီအတွက် ကုမ္ပဏီတွေက ဈေးချိုတဲ့ 5G Phone တွေကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒီအထဲမှာ Samsung လည်း ပါပါတယ်။ Samsung က ဈေးချိုတဲ့ 5G Phone ၁ လုံးကို ဖန်တီးနေပါတယ်။ အဲဒါက Galaxy A71 ဖြစ်ပြီး သူ့ရဲ့ မော်ဒယ်နံပါတ်က SM-A716B ဖြစ်ပါတယ်။

အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ တရုတ်ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ တရုတ်မှာ 5G ဆက်သွယ်မှု ရနေပြီ ဖြစ်ပြီး ဈေးချိုတဲ့ 5G Phone တွေ လိုအပ်နေပါတယ်။ တရုတ် ပြင်ပမှာ ရောင်းမယ့် မော်ဒယ်နံပါတ်က SM-A7160 ဖြစ်ပါတယ်။

Samsung Galaxy A71 မှာ ကုမ္ပဏီ မကြာခင်က ကြေညာထားတဲ့ Exynos 980 Chipset မောင်းနှင်ထားနိုင်ပါတယ်။ အဲဒီ Chipset ဟာ 5G ဆက်သွယ်မှုနဲ့ WiFi 6 Standard ပါတဲ့ စွမ်းဆောင်ရည်သင့် Chipset ဖြစ်ပါတယ်။ လာမယ့် နှစ်မှာ 5G Phone တွေ အပြိုင်အဆိုင်ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ တန်ဖိုးကြီး မော်ဒယ်တွေ အပြင် ဈေးပေါတဲ့ 5G Phone တွေ ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: