Samsung Galaxy A51 ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

Samsung က လာမယ့် ၁၂ ရက်နေ့မှာ Galaxy A51 ကို ကြေညာတော့မှာပါ။ အခုတော့ သူ့ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ အနောက်ကင်မရာတွေကို L ပုံသဏ္ဍာန် တပ်ဆင်ထားပြီး ကုမ္ပဏီရဲ့ အနောက်ကင်မရာ ၄ လုံးတပ် ဖုန်းတွေထဲမှာ ဈေးအချိုဆုံး ဖြစ်လာမှာပါ။ Samsung က Galaxy A51 မှာ 48MP Main , 12MP Ultrawide , 5MP Depth နဲ့ 5MP Macro Camera တွေ တပ်ဆင်ထားမယ်လို့ ကုမ္ပဏီတွင်း သတင်းတွေက ဆိုပါတယ်။

ဓါတ်ပုံတွေမှာ အဖြူ၊ အနက်၊ အပြာနဲ့ ပန်းရောင်တွေကိုတွေ့ရပါတယ်။ မျက်နှာပြင်ရဲ့ အထက် အလယ်မှာ Punch Hole Selfie Camera ၁ လုံး တပ်ဆင်ထားပြီး 32MP ဖြစ်နိုင်ပါတယ်။ Exynos 9611 Chipset, 4/6GB RAM နဲ့ 64/128GB Storage တွေ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ microSD Card စိုက်နိုင်ပါတယ်။

၆.၅ လက်မ FHD+ Super AMOLED Display နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာမှာပါ။ 15W Charging ပါတဲ့ 4,000mAh Battery ထည့်ထားမှာပါ။ အရင်နှစ်ထုတ် အနောက်ကင်မရာ ၄ လုံးတပ် Galaxy A Series ဖုန်းတွေမှာ Main , Ultrawide , Telephoto နဲ့ Depth Sensor တွေ ထည့်သွင်းထားကြပါတယ်။ ဒီတစ်ခါတော့ Samsung က အပြောင်းအလဲ လုပ်တော့မှာပါ။ Galaxy A51 မှာ Telephoto အစား Macro Sensor နဲ့ အစားထိုးထားမယ်လို့ သတင်းထွက်လာပါတယ်။ ဈေးသက်သာတဲ့ Macro Lens ထည့်သွင်းထားမှာ ဖြစ်တဲ့ အတွက် A51 ဟာ Galaxy Series တွေထဲမှာ ဈေးချိုတဲ့ စမတ်ဖုန်း ဖြစ်လာမှာပါ။

Ref : gsmarena

%d bloggers like this: