အင်တာနက်ကနေ ရုရှားကို ခွဲထုတ်ချင်နေတဲ့ ပူတင်

အင်တာနက်ဆိုတာ တစ်ကမ္ဘာလုံးက နိုင်ငံတွေ ချိတ်ဆက်နေတဲ့ ကွန်ရက်ကြီး ၁ ခု ဖြစ်ပါတယ်။ ဒါပေမယ့် ရုရှား သမ္မတ ပူတင်ကတော့ အင်တာနက်ကနေ ရုရှားကို ခွဲထုတ်ချင်နေပါတယ်။ ရုရှားရဲ့ ဒေတာတွေကို ရန်သူ နိုင်ငံတွေ မခိုးယူနိုင်အောင် ဒီလိုလုပ်ချင်နေတာပါ။ Reuters ရဲ့ သတင်းအရ ပူတင်ဟာ Wikipedia ကို နိုင်ငံတွင်းမှာ ပြုစုတဲ့ Online Encyclopedia နဲ့ အစားထိုးဖို့ စီစဉ်နေပြီး ဒီလိုလုပ်ဖို့ ဒေါ်လာ သန်း ၃၀ လောက် အကုန်အကျခံမှာပါ။ အဲဒီ ဝက်ဘ်ဆိုက်မှာ တင်မယ့် အရာတွေကို စစ်ဆေးဖို့ အစိုးရ ဌာန ၁ ခုကိုလည်း တည်ထောင်မှာပါ။

ပူတင်က Wikipedia ရဲ့ Fans ၁ ယောက် မဟုတ်ဘဲ သတင်းအမှားတွေ ပါနေတယ်လို့ သူက ပြောပါတယ်။ အစိုးရက ရုရှားကို World Wide Web ကနေ ဖြတ်တောက်နိုင်မယ့် ဥပဒေ အသစ် အကျိုးသက်ရောက်အပြီး ၁ ပတ်အကြာမှာ အခု သတင်းထွက်လာတာပါ။ အစိုးရက ဒီ ဥပဒေ အသစ်ဟာ ရုရှားကို ဆိုက်ဘာ တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးမယ်လို့ ယုံကြည်နေပါတယ်။

ဒီ ဥပဒေအရ သုံးစွဲသူတွေရဲ့ တည်နေရာတွေကို ခြေရာခံတာ၊ အင်တာနက် ဆက်သွယ်မှု ဖြတ်တောက်တာတွေကို အစိုးရရဲ့ အလိုအတိုင်း Internet Provider တွေက ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီ ဥပဒေဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်တဲ့အတွက် ကန့်ကွက်တာတွေလည်း ရှိနေပါတယ်။

Ref : tnw

%d bloggers like this: