Samsung Galaxy S11+ မှာ 5,000mAh Battery ပါလာနိုင်

Galaxy S11 Series တွေရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း S11+ မှာ 5,000mAh Battery ပါမယ်လို့ သတင်းထွက်လာပါတယ်။ ဘက်ထရီ ဓါတ်ပုံကနေ ဒီသတင်းအချက်အလက်ကို သိလိုက်ရတာပါ။ Samsung ဖုန်းတွေထဲမှာ ဘက်ထရီ ပမာဏ အများဆုံး ဖြစ်လာမှာပါ။ S10+ မှာတောင် 4,100mAh ပဲပါတာပါ။

Samsung က Galaxy S11 Series မှာ Laser Autofocus ကို ပထမဆုံး အနေနဲ့ ထည့်သွင်းထားမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ အနောက်ကင်မရာတွေရဲ့ အောက်ဆုံးနေရာမှာ ထည့်သွင်းထားတာကို ဓါတ်ပုံတွေမှာ မြင်ရပါတယ်။ အရင်ကတော့ Samsung ဟာ Dual Pixel AF System ကိုပဲ သုံးခဲ့တာ ဖြစ်ပါတယ်။ Galaxy S11 ရဲ့ 108MP Sensor မှာ ဘာလို့ ဒီစနစ်ကို မသုံးတာလဲဆိုတာ မသိသေးပါဘူး။

Galaxy S11 Series တွေမှာ အနောက်ကင်မရာ အများကြီးပါလာမှာပါ။ ဒါပေမယ့် Galaxy S11e မှာတော့ အနောက်ကင်မရာ ၃ လုံးပဲ ပါလာမယ်လို့ ဓါတ်ပုံတွေအရ သိရပါပြီ။ မကြာခင်ကလည်း Samsung Galaxy S11 ရဲ့ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ပေါက်ကြားလာပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အနောက်ကင်မရာတွေဖြစ်ပြီး လေးထောင့်ပုံ အကွက်ထဲမှာ ကင်မရာတွေ အများကြီး ထည့်သွင်းထားပါတယ်။ Galaxy M30s စတိုင် ဖြစ်ပါတယ်။

ဆဲလ်ဖီး ကင်မရာရဲ့ တည်နေရာကို ပြောင်းထားပြီး အလယ်ရောက်လာပါတယ်။ Galaxy Note 10 Phone တွေနဲ့ သွားတူတာပါ။ Galaxy S11 မှာ ၆.၇ လက်မ နဲ့ အရွယ်သေး Galaxy S11e မှာ ၆.၄ လက်မ မျက်နှာပြင်တွေ ပါလာနိုင်ပါတယ်။ Galaxy S11+ မှာ ၆.၉ လက်မ မျက်နှာပြင် ထည့်သွင်းထားနိုင်ပါတယ်။ အဲဒီ မော်ဒယ် ၃ လုံးအတွက် 5G မော်ဒယ်တွေပါ ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

အနောက်ဘက်မှာ 108MP Main Camera နဲ့ 5x Zoom Lens တွေ ထည့်သွင်းထားနိုင်ပါတယ်။ Dynamic AMOLED Display နဲ့ HDR10+ တွေ ပါလာနိုင်ပါတယ်။ အမြင့်ဆုံး အနေနဲ့ QHD+ နဲ့ 120Hz Refresh Rate ထည့်သွင်းထားနိုင်ပါတယ်။ Galaxy S11e မှာတော့ FHD ပဲပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Exynos 990 မောင်းနှင်ထားပြီး တရုတ်နဲ့ အမေရိကန်မှာ Snapdragon 865 ထည့်ထားမှာပါ။

Ref : gsmarena

%d bloggers like this: