အင်ဒိုနီးရှားမှာ Redmi 8 နဲ့ Redmi 8A ကို ရောင်းပေးလိုက်ပြီ

Redmi 8 နဲ့ Redmi 8A ကို လွန်ခဲ့တဲ့ ၂ လက တရုတ်မှာ စတင် ရောင်းပေးလိုက်ပြီး အဲဒီနောက်မှာ တခြား နိုင်ငံတွေမှာ ဝယ်ယူနိုင်ခဲ့ပါတယ်။ အခုတော့ အင်ဒိုနီးရှား အလှည့် ဖြစ်ပါတယ်။ ဈေးအချိုဆုံး Redmi ဖုန်းတွေ ဖြစ်ပါတယ်။ Redmi 8A ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၉၉ ဒေါ်လာသတ်မှတ်ထားပြီး မြန်မာငွေ ၁၅၀ ၀၀၀ လောက်ပဲရှိပါတယ်။ Redmi 8 3/32GB ကို ၁၂၀ ဒေါ်လာနဲ့ 4/64GB ကို ၁၂၇ ဒေါ်လာ သတ်မှတ်ထားပြီး ၁၈၀ ၀၀၀ လောက်ပဲရှိပါတယ်။

သူတို့ ၂ လုံးမှာ ကင်မရာနဲ့ ဒီဇိုင်းအပိုင်းမှာပဲ အဓိက ကွာခြားတာပါ။ Redmi 8 မှာ Redmi K20 မှာ စသုံးခဲ့တဲ့ Aura Wave Glass Design အသစ်ကို သုံးထားပါတယ်။ 8A မှာ Plastic Aura Wave Grip Design ပါလာတာပါ။ မျက်နှာပြင်အရွယ်အစားက တူညီပြီး ၆.၂၂ လက်မ HD+ Display ဖြစ်ပါတယ်။ အရွယ်သေး Notch မှာ 8MP Selfie Camera တပ်ထားပါတယ်။

တခြား တူညီတာတွေက 12nm Snapdragon 439 Chipset , 3/4GB RAM , 32/64GB Storage နဲ့ microSD Card Slot တွေ ဖြစ်ပါတယ်။ အနောက်ဘက်က 12MP Sensor ကလည်း တူပါတယ်။ ဒါပေမယ့် Redmi 8 မှာ အပို 2MP Depth Sensor နဲ့ လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 5,000mAh Battery ပါလာပြီး 18W Fast Charging ထည့်ထားပါတယ်။

Ref : gsmarena

%d bloggers like this: