၂၀၂၀ မှာ iPhone သစ် ၅မျိုးထွက်ဖို့ရှိ

Apple အနေနဲ့ ထုံးစံအတိုင်းဆိုရင် တစ်နှစ်မှာ iPhone အသစ် သုံးမျိုးခန့်မိတ်ဆက်ပြလေ့ရှိပါတယ်။ ဒါပေမယ့် ဒီအနေအထားက ၂၀၂၀ မှာ ပြောင်းလဲဖို့ရှိနေကြောင်း သတင်းသစ်တစ်ခု ထွက်လာပြီး နောက်နှစ်အတွင်း iPhone အသစ် ၅မျိုးလောက်အထိ တွေ့မြင်ရဖို့ရှိနေကြောင်း သိရပါတယ်။

9to5Mac ရဲ့ သတင်းသစ်တစ်ခုအရ Apple analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ရဲ့ ထုတ်ဖော်ချက်တစ်ခုအရ၊ Apple အနေနဲ့ iPhone SE 2 ကိုလည်း နောက်နှစ်အတွင်းမှာ ထုတ်ဖော်နိုင်တယ်လို့ ပြောခဲ့တာပါ။

SE 2 မှာ ဒီဇိုင်းကတော့ မျက်နှာပြင် ၄.၇ လက်မနဲ့ iPhone 8 ကိုအဆင်မြှင့်ထားတဲ့ အတွင်းပိုင်းပြင်ဆင်မှုတွေ ပါဝင်နိုင်ပါတယ်။ ဒါပေမယ့် Kuo ရဲ့ သတင်းအရ iPhone SE 2 Plus အနေနဲ့ ထွက်လာမယ့် ဖုန်းမှာ မျက်နှာပြင်အပြည့်ပုံစံဒီဇိုင်းနဲ့ ထွက်လာမှာ ဖြစ်ပေမယ့် Face ID အစား Touch ID fingerprint ဆင်ဆာကို ဘေးဘက်က ပါဝါခလုတ်မှာ ထည့်သွင်းလာဖို့ရှိနေတာပါ။ အဆိုပါဖုန်းကတော့ မျက်နှာပြင်အကျယ် ၅.၅ လက်မ ဒါမှမဟုတ် ၆.၁ လက်မဖြစ်ဖို့ရှိပါတယ်။

၂၀၂၀ နှောင်းပိုင်းမှာ Apple ဟာ Update အကြီးစားတစ်ခုကိုလုပ်ဆောင်မှာ ဖြစ်ပြီး၊ iPhone အသစ် ၄မျိုးမှာ ၅.၄ လက်မ မျက်နှာပြင်ဖုန်းတစ်မျိုး၊ ၆.၁ လက်မမျက်နှာပြင်ဖုန်းနှစ်မျိုးနဲ့ ၆.၇လက်မ မျက်နှာပြင်ဖုန်း ၁မျိုးတို့ ထွက်လာမှာပါ။ ဖုန်း၄မျိုးလုံ့းဟာ OLED မျက်နှာပြင်ကိုအသုံးပြုလာမှာဖြစ်ပြီး 5G ထောက်ပံ့မှု၊ ကင်မရာအပြောင်းအလဲတွေလဲ ဖြစ်ပေါ်လာမှာပါ။

မော်ဒယ်နိမ့် ၅.၄ လက်မနဲ့ ၆.၁ လက်မဖုန်းတွေမှာ Dual Rare ကင်မရာတွေပါဝင်ပြီး၊ မော်ဒယ်မြင့် ၆.၁လက်မနဲ့ ၆.၇လက်မ ဖုန်းတွေမှာတော့ လက်ရှိ iPhone 11 Pro မှာလို ကင်မရာ သုံးလုံးပါဝင်လာဖို့ရှိနေတဲ့အပြင်၊ 3D ဆင်ဆာပါပါဝင်လာမှာပါ။ iPhone အသစ်၄မျိုးဟာ iPhone 4 နဲ့ ဒီဇိုင်းပိုင်းဆင်တူဖို့ရှိတယ်လို့ Kuo က မှတ်ချက်ပြုထားတာပါ။

ထပ်တိုးသတင်းတွေအရ ၂၀၂၀ ခုနှစ် iPhone တွေအပြင် ၂၀၂၁ ခုနှစ်ထွက်လာမယ့် iPhone အသစ်တွေမှာ Lightning Port ကိုလုံးဝဖြုတ်ပစ်လိုက်ပြီးတော့ အပေါက်တစ်ပေါက်မှ ပါဝင်လာတော့မှာမဟုတ်ပဲ လုံးဝကြိုးမဲ့စနစ်အတွေ့အကြုံအသစ်ကို ခံစားရဖို့ရှိတာကြောင့် iPhone အနေနဲ့ USB-C ကိုလုံးဝ သုံးတော့ဖွယ်မရှိတော့ကြောင်းလည်း သိရပါတယ်။

 

%d bloggers like this: