PUBG Mobile မှာ ပိုမိုမြန်ဆန်တဲ့ 90fps Framerate gameplay ကိုရနိုင်တော့မယ်

PUBG Mobile ဟာ ဒီနှစ်အတွင်းမှာ တောင်းဆိုမှုအများဆုံး လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ 90fps Framerate ကို ရရှိတော့မှာ ဖြစ်ပါတယ်။

PUBG Mobile ဟာ ပေါ်ပျူလာအဖြစ်ဆုံး စမတ်ဖုန်းဂိမ်းလို့ပြောလို့ရပြီး၊ ဆော့ကစားသူ သန်း ၄၀၀ ကျော် ရှိတာဖြစ်ပါတယ်။ ဂိမ်းမှာကစားသူတွေကို Graphic နဲ့ Framerate တွေစိတ်ကြိုက်ရွေးချယ်လို့ရနိုင်အောင်လည်း ပြုလုပ်ပေးထားတာပါ။ လက်ရှိမှာ အကောင်းဆုံး အဖြစ် “HDR” နဲ့ “Ultra” နှစ်မျိုးသာရှိပြီးဒါက 60fps အနေအထားထိ ပြသပေးနိုင်တာပါ။

Display တွေမှာ ပိုမိုများပြား မြန်ဆန်တဲ့ Refresh Rate တွေကို တောင်းဆိုမှုများလာတာက ဒီနှစ်အတွင်း Trend ဖြစ်လာပြီး၊ ထုတ်လုပ်သူတော်တော်များများက 90Hz မျက်နှာပြင်တွေကို ထည့်သွင်းလာကြတာပါ။ ဒါပေမယ့် PUBG Mobile အပါအဝင် ဂိမ်းတော်တော်များများဟာ 60Hz အထိသာ ပြသပေးနိုင်တဲ့ အနေအထားမှာသာ ရှိနေသေးတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ Snapdragon Tech Summit မှာ Qualcomm က Snapdragon 865 chipset  က ဘယ်လောက်ထိ Powerful ဖြစ်တယ်ဆိုတာကို ပြောကြားခဲ့ပြီး၊ PUBG Mobile အနေနဲ့ မကြာခင်မှာ 90fps support ကိုရနိုင်တော့မှာ ဖြစ်ကြောင်းလည်း ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဆော့တဲ့ ဂိမ်မာတွေအတွက်တော့ ကြီးမားတဲ့ Update အပြောင်းအလဲတစ်ခုလည်း ဖြစ်ပါတယ်။

HDR disply တွေ Support လုပ်တဲ့ ဖုန်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ Dynamic Rage ရရှိနီု်ငမယ့် 10-bit HDR လုပ်ဆောင်ချက်ကိုလည်း ဂိမ်းမှာ ထည့်သွင်းထားပါသေးတယ်။ ဒီလို လုပ်ဆောင်ချက် တွေပါဝင်မယ့် Major Update ကိုဘယ်တော့ထုတ်လုပ်မယ်ဆိုတာ မသိရသေးပေမယ့် အားလုံးနဲ့ လက်တစ်ကမ်းမှာ ရှိနေပြီဖြစ်ပါတယ်။

Ref: Tech Rader

%d bloggers like this: