Vivo X30 ကို ဒီလ ၁၆ ရက်နေ့ ကြေညာမှာ သေချာပြီ

Vivo က X30 ကို ဒီလ ၁၆ ရက်နေ့မှာ တရုတ်တွင် ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ SA , NSA 5G Modes တွေကို ထောက်ပံ့တဲ့ Vivo X30 နဲ့ X30 Pro ၂ လုံးထုတ်လုပ်ထားနိုင်ပါတယ်။ Dual-mode 5G ကို ထောက်ပံ့တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်သလို X Series ထဲမှာ ပထမဆုံး 5G ဖုန်း ဖြစ်လာမှာပါ။ Exynos 980 SoC ပါမယ်လို့လည်း အတည်ပြုထားပြီးပါပြီ။

Vivo က X30 ရဲ့ အနောက်ကင်မရာတွေကို ရိုက်ပြထားတဲ့ ဓါတ်ပုံ ၁ ပုံကို မကြာခင်က မျှဝေခဲ့ပြီး ပင်မ ကင်မရာ ၃ လုံးရဲ့ ဘေးမှာ Periscope ကင်မရာကို မြင်ရပါတယ်။ ဒါ့အပြင် Vivo က အဲဒီ ဖုန်းရဲ့ Teaser Video ၁ ခုကို မျှဝေလိုက်ပြီး အရောင် ၃ မျိုးတွေ့ရပါတယ်။ဖုန်းရဲ့ အနောက်ကင်မရာတွေကိုပါ သေချာ မြင်ရပါတယ်။

Vivo က X30 မှာ 60x Super Zoom ပါမယ်လို့ မနေ့ကပဲ သတင်းပေးလိုက်ပါတယ်။ အရမ်းဝေးတဲ့ နေရာက အရာဝတ္ထုတွေကို ရိုက်ကူးပေးနိုင်မှာပါ။ Vivo X30 မှာ ၆.၅ လက်မ AMOLED Display ပါပြီး 90Hz Refresh Rate ထောက်ပံ့မယ်လို့ သတင်းထွက်နေပါတယ်။ 8GB RAM , 256GB Storage နဲ့ 4,500mAh Battery ပါမယ်လို့ သိရပါတယ်။ 22.5W or 30W Fast Charging ထည့်ထားမှာပါ။ အရှေ့ဘက်မှာ 32MP Camera နဲ့ အနောက်ဘက်မှာ 64MP+13MP+8MP+2MP Camera တွေ ပါလာနိုင်ပါတယ်။

Vivo က X30 Pro ကိုလည်း ထုတ်လုပ်မှာ ဖြစ်ပြီး ၆.၈၉ လက်မ 90Hz AMOLED Display , 12GB RAM , 4,500mAh Battery တွေပါမယ်လို့ သတင်းထွက်နေပါတယ်။ 44W Fast Charging က တကယ်လန်းမှာပါ။ 32MP Selfie Camera က တူပေမယ့် အနောက်ကင်မရာတွေ အပြောင်းအလဲရှိပါတယ်။ အနောက်ဘက်မှာ 60MP, 12MP, 13MP , 13MP Camera တွေ ထည့်သွင်းထားမှာပါ။

Ref : gsmarena

%d bloggers like this: