တန်ဖိုးနည်း PC တွေအတွက် Qualcomm က 7c နဲ့ 8c chips တွေ ထုတ်လုပ်

အမေရိကန် Chip ထုတ်လုပ်သူ Qualcomm က Windows တွေမှာ Powerful ဖြစ်ပြီး ပိုမိုစျေးသက်သာတဲ့ Chip တွေထည့်သွင်းအသုံးပြုလို့ရနိုင်အောင် စီစဉ်နေပါတယ်။ ကုမ္ပဏီအနေနဲ့ ယခင်က ဖုန်းတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ Chip တွေကို ယခုအခါမှာ PC ကွန်ပျူတာတွေမှာပါ ဖြန့်ကျက်အသုံးပြုနိုင်အောင် စီစဉ်နေတာဖြစ်ပါပြီး၊ ယခင်က Snapdragon 850 နဲ့ 8cx တွေကို Surface Pro X နဲ့ Glaaxy Book S တွေမှာ အသုံးပြုခဲ့ပြီး ကောင်းမွန်တဲ့ ရလဒ်တွေထွက်ခဲ့တာကြောင့် ဒီခြေလှမ်းကို ဆက်လက်လုပ်ဆောင်ဖို့ ပြုလုပ်နေတာပါ။

ဒါပေမယ့် ဒီ Chip အဟောင်းတွေဟာ Windows App အားလုံးမှာ အလုပ်မလုပ်တာကို ကုမ္ပဏီက သိရှိပြီး၊ ဒီနေ့မှာပဲ PC စီးရီးအတွက် သီးသန့် ပြုလုပ်ထားတဲ့ Chip နှစ်မျိုးကို ထုတ်ဖော်လိုက်တာပါ။ 8c နဲ့ 7c တို့ဟာ Snapdragon က Windows တွေအတွက် သီးသန့် ပြုလုပ်ထားပေးတဲ့ Chip တွေဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

Snapdragon 8cx အနေနဲ့ ဆက်လက်ပြီးတော့ highest-end မော်ဒယ်အဖြစ် ရှိနေမှာ ဖြစ်ပြီး၊ 8c မှာတော့ octa-core Kryo 490 CPU နဲ့ Adreno 675 GPU တွေ Built on အနေနဲ့ ပါဝင်ပါတယ်။ ဒါကြောင့် 8c processor ဟာ Snapdragon 850 ထက် ၃၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်ကြောင်းသိရပါတယ်။ X24 gigabit LTE မိုဒမ်းထည့်သွင်းပေးထားတာကြောင့် ဆယ်လျူလာဒေတာမှာ 5G ကိုရရှိနိုင်မှာ ဖြစ်ပြီး 7Gbps ဒေါင်းလုဒ်မြန်နှုန်းကို လက်ခံနိုင်မှာပါ။

Snapdragon 7c ကတော့ အနည်းငယ်ပိုအားနည်းတဲ့ octa-core Kryo 468 CPU နဲ့ Adreno 618 GPU တွေပါဝင်ပြီး၊ X15 LTE မိုဒမ်းပါဝင်ပါတယ်။ ဒါကြောင့် 8c ထက်လျော့နည်းတဲ့ 800 Mbps ဒေါင်းလုဒ်အမြန်နှုန်းနဲ့သာ ဒေါင်းလုဒ်တွေကိုလက်ခံ ဆွဲယူနိုင်မှာပါ။

Qualcomm အနေနဲ့ Snapdragon 8c ကို ဒေါ်လာ ၅၀၀နဲ့ ၇၀၀ ကြား စျေးနဲ့ ရောင်းချဖို့ရှိပြီး၊ 7c ကိုတော့ ဒေါ်လာ ၅၀၀ အောက်စျေးနဲ့ ရောင်းချပြီး၊ ပညာသင်ကြားသူနဲ့ ဘက်ထရီသက်တမ်းပိုမိုလိုအပ်သူတွေကို ပစ်မှတ်ထားဖို့ရှိပါတယ်။

Ref: Engadget

%d bloggers like this: