ပထမအသုတ်မှာ အလုံးရေ ၁ သိန်း ရောင်းချရတဲ့ Honor V30 Series

Honor က V30 နဲ့ V30 Pro ကို ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပါတယ်။ အခုတော့ ပထမ အသုတ်ကို ရောင်းပေးလိုက်ပြီး စက္ကန့်ပိုင်းအတွင်းမှာ အလုံးရေ ၁ သိန်းရောင်းချလိုက်ရပါတယ်။ ၃ စက္ကန့်ပဲကြာတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Huawei ရဲ့ Vmall.com , JD.com , Suning န့ တခြား နာမည်ကြီး အွန်လိုင်းစတိုးတွေကနေ ရောင်းပေးခဲ့တာပါ။

V30 နဲ့ V30 Pro တို့မှာ 5G ပါပါတယ်။ သူတို့မှာ ၆.၅၇ လက်မ Full HD+ Display တပ်ဆင်ထားပါတယ်။ Punch-Hole မှာ 32MP နဲ့ 8MP Ultrawide Camera ၂ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 40MP Main , 8MP Telephoto (3x Optical Zoom & Four-Axis OIS) နဲ့ 8MP Ultra-wide Camera တွေ ပါပါတယ်။ V30 Pro မှာတော့ 12MP Video Camera ၁ လုံး အပိုပါပါတယ်။

အနောက်ဘက်ကို ဖန်နဲ့ အုပ်ထားပြီး ဘေးဘက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ Huawei Super Fast Charging , 27W Wireless Charging နဲ့ 7.5W Reverse Charging တွေ ပါပါတယ်။ အပြာ၊ အဖြူ၊ လိမ္မော်နဲ့ အပြာဖျော့အရောင်တွေ ထုတ်လုပ်ထားပါတယ်။

HONOR V30 and V30 Pro specifications

• 6.57-inch (2400 × 1080 pixels) Full HD+ LCD 2.5D curved glass display with 96% NTSC color gamut
• HUAWEI Kirin 990 (2 x Cortex-A76 Based 2.86 GHz + 2 x Cortex-A76 Based 2.09 GHz + 4 x Cortex-A55 1.86 GHz) processor with ARM Mali-G76MP16 GPU, Big Core + Tiny Core NPUs(Neural-network Processing Unit) / Kirin 990 5G (2 x Cortex-A76 Based 2.86 GHz + 2 x Cortex-A76 Based 2.36 GHz + 4 x Cortex-A55 1.95 GHz) processor with ARM Mali-G76MP16 GPU, Dual Big Core + Tiny Core NPUs(Neural-network Processing Unit)
• 6GB / 8GB RAM with 128GB storage (V30) / 8GB RAM with 128GB / 256GB storage (V30 Pro)
• Android 10 with Magic UI 3.0.1
• Dual SIM
• V30 — 40MP RYYB camera with f/1.8 aperture, 8MP f/2.4 aperture ultra wide-angle lens, 8MP telephoto camera with f/2.4 aperture AF OIS, 3x optical zoom, Laser AF, CAF, PDAF, LED flash
• V30 Pro — 40MP RYYB camera with f/1.6 OIS, 12MP f/2.2 aperture AF camera with 5-axis OIS for video, 8MP telephoto camera with f/2.4 aperture AF OIS, 3x optical zoom, Laser AF, CAF, PDAF, LED flash
• 32 front camera with f/2.0 aperture, 8MP secondary camera with f/2.2 aperture, ultra wide-angle lens
• Side-mounted fingerprint sensor
• USB Type-C Audio
• Dimensions: 162.7 x 75.8 x 8.8mm / 8.9 (V30 Pro); Weight: 206 (V30) / 213 (V30 Pro)
• 5G SA/NSA, Dual 4G VoLTE, WiFi 802.11ac (2.4GHz/5GHz), Bluetooth 5.1, GPS (L1+L5 dual frequency), NFC, USB Type-C
• V30 — 4200mAh (typical) 4100mAh (minimum) / V30 Pro — 4100mAh (typical) / 4000mAh (minimum) battery with 40W super Fast charging, 27W wireless charging, 7.5W reverse charging

တန်ဖိုးအနည်းဆုံး မော်ဒယ် အနေနဲ့ Honor V30 6/128GB ကို ၃၂၉၉ ယွမ်နဲ့ 8/128GB ကို ၃၆၉၉ ယွမ် သတ်မှတ်ထားပါတယ်။ Honor V30 Pro 8/128GB ကို ၃၈၉၉ ယွမ်နဲ့ 8/256GB ကို ၄၁၉၉ ယွမ် သတ်မှတ်ထားပါတယ်။

Ref : fonearena

%d bloggers like this: