48MP Triple Camera ပါတဲ့ Huawei Enjoy 10S ကို ကြေညာ

Huawei က တရုတ်မှာ Enjoy 10S ကို မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ ၆.၃ လက်မ FHD+ OLED Display နဲ့ Octa-core Kirin 710F SoC တွေ ပါပါတယ်။ 8GB RAM အထိ ရွေးချယ်နိုင်ပြီး GPU Turbo 3.0 ထည့်ထားပါတယ်။ အနောက်ဘက်မှာ AI Feature တွေ ပါတဲ့ 48MP Main , 8MP Ultra-wide နဲ့ 2MP ကင်မရာ (Portrait Shot အတွက်) တွေပါပါတယ်။ 16MP Selfie ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။

မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပြီး အနောက်ဘက်မှာ အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပါတယ်။ 4,000mAh Battery ပါပေမယ့် လျှင်မြန်စွာ အားသွင်းစနစ် မပါပါဘူး။

HUAWEI Enjoy 10S specifications

• 6.3-inch ( 2400 x 1080 pixels pixels) FHD+ 2.5D curved glass OLED display
• Octa-Core Kirin 710F 12nm (4 x 2.2GHz Cortex-A73 +4 x 1.7GHz Cortex-A53) with ARM Mali-G51 MP4 GPU
• 6GB / 8GB RAM with 128GB storage, expandable memory up to 256GB
• Android 9 (Pie) with EMUI 9.1
• Hybrid Dual SIM (nano + nano / microSD)
• 48-megapixel primary sensor with f/1.8 aperture, LED flash, 8-megapixel ultra-wide sensor with f/2.4 aperture, 2-megapixel depth sensor with f/2.4 aperture
• 16MP front camera with f/2.0 aperture
• In-display fingerprint scanner
• Dimensions: 157.4 x 73.2 x 7.75mm ; Weight: 163g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz / 5GHz), Bluetooth 5, GPS + GLONASS
• 4000mAh (typical) / 3900mAh (minimum) battery

အနက်၊ အပြာနဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ၂၅၅ ဒေါ်လာနဲ့ 8/128GB ကို ၂၈၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဝယ်ယူနိုင်ပါပြီ။

Ref : fonearena

%d bloggers like this: