အနောက်ကင်မရာ ၂ လုံးပါတဲ့ တန်ဖိုးနည်း Nokia 2.3 ကို ကြေညာ

HMD Global က တန်ဖိုးနည်း Android One ဖုန်း အသစ် ၁ လုံးကိုကြေညာလိုက်ပါတယ်။ Nokia 2.3 မှာ ၆.၂ လက်မ HD+ Display , MediaTek Helio A22 SoC , 2GB RAM , Android 9.0 Pie ထည့်သွင်းထားပါတယ်။ Android Update ကို ၂ နှစ်အထိရမှာက မိုက်ပါတယ်။ အနောက်ဘက်မှာ AI Low-light Feature ပါတဲ့ 13MP ကင်မရာနဲ့ Portrait အတွက် 2MP Depth ကင်မရာ အပို ၁ လုံး ထည့်ထားပါတယ်။

အရှေ့ 5MP ကင်မရာက Face Unlock ကို ထောက်ပံ့ပါတယ်။ လက်ဗွေရာ ကိရိယာတော့ မပါပါဘူး။ 4,000mAh ဘက်ထရီက ၂ ရက်တောင် အသုံးခံတာက လန်းပါတယ်။

Nokia 2.3 specifications

• 6.2-inch (720 x 1520 pixels) HD+ 19:9 aspect ratio 2.5D curved glass display
• 2GHz Quad-Core MediaTek Helio A22 12nm processor with IMG PowerVR GE-class GPU
• 2GB RAM, 32GB storage, expandable memory up to 512GB with microSD
• Dual SIM
• Android 9.0 (Pie), upgradable to Android 10
• 13MP rear camera with LED flash, f/2.2 aperture, 2MP secondary camera
• 5MP front-facing camera with f/2.4 aperture
• 3.5 mm headphone jack, FM Radio
• Dimensions: 157.69 x 75.41 x 8.68mm; Weight: 183g
• Dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5.0, GPS + GLONASS, micro USB
• 4000mAh battery

Cyan Green, Sand နဲ့ Charcoal အရောင်တွေ ရွေးချယ်နိုင်ပြီး ၁၀၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၈၀ ၀၀၀ လောက်ပဲရှိပါတယ်။ ဒီလလယ်မှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: