64MP Rear Camera နဲ့ 32MP Pop-up Selfie Camera ပါတဲ့ Motorola One Hyper ကို ကြေညာ

Motorola က One Series ဖုန်း အသစ် ၁ လုံးကို ချပြလိုက်ပါတယ်။ Motorola One Hyper လို့ နာမည်ပေးထားပြီး အနောက်ဘက် 64MP Main Camera မှာ Night Vision , Quad Pixel နဲ့ Laser Auto Focus နည်းပညာတွေ ထည့်ထားပါတယ်။ အမှောင်ထဲမှာတောင် Focus လုပ်နိုင်တာက အကြမ်းစားကြီးပါ။ 32MP Pop-up Camera မှာလည်း Night Vision နဲ့ Quad Pixel နည်းပညာတွေ ထည့်ထားပါတယ်။ ဖုန်း မတော်တဆ အောက်ပြုတ်ကျရင် Pop-up Camera ကို အလိုလို အထဲ သွင်းပေးတာက မိုက်ပါတယ်။ ဖုန်းကို မှောက်ထားရင်လည်း အလိုလို ပိတ်ပေးပါတယ်။

45W Hyper Charge က အားသွင်းရင် ဖလန်းဖလန်းထနေပါတယ်။ ၁၀ မိနစ်အားသွင်းရင် ၁၂ နာရီတောင် သုံးနိုင်ပါတယ်။

Motorola One Hyper specifications

• 6.5-inch (1080×2340 pixels) Full HD+ LCD screen
• 2GHz Octa-Core Snapdragon 675 Mobile Platform with Adreno 612 GPU
• 4GB RAM, 128GB storage, expandable memory up to 1TB with microSD
• Hybrid Dual SIM (nano + nano / microSD)
• Android 10
• 64MP Quad Pixel (16MP) rear camera with LED flash, f/1.9 aperture, EIS, PDAF, 8MP 118-degree Ultra-wide lens with f/2.2 aperture, Laser autofocus (TOF)
• 32MP front-facing quad pixel (8MP) camera with f/2.0 aperture
• Fingerprint sensor
• 3.5mm audio jack, Bottom-ported speaker, dual microphones, Smart PA
• P2i water-repellent nano coating
• Dimensions: 161.8x 76.6x 8.9mm; Weight: 210g
• Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, NFC, USB Type-C
• 4000mAh battery with 45W Hyper charging

Deepsea Blue, Dark Amber နဲ့ Fresh Orchid အရောင်တွေ ထုတ်လုပ်ထားပြီး ဒေါ်လာ ၄၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆ သိန်းလောက်ရှိပါတယ်။

Ref : fonearena

%d bloggers like this: