Redmi K30 မှာ Snapdragon 765G SoC နဲ့ 64MP Main Camera ပါမည်

လာမယ့် ၁၀ ရက်နေ့မှာ ကြေညာမယ့် Redmi K30 မှာ အသစ်စက်စက် ကြေညာထားတဲ့ Snapdragon 765G SoC မောင်းနှင်ထားမယ်လို့ Xiaomi က အတည်ပြုလိုက်ပါတယ်။ သူဟာ Snapdragon 765 SoC ကို GPU အဆင့်မြှင့်ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။ Qualcomm က Snapdragon 765G SoC ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မပြောသေးပါဘူး။

ဒါပေမယ့် သူ့မှာ Snapdragon X52 Multi-mode 5G Modem ပါလာမှာ ဖြစ်ပြီး 3.7Gbps Download Speed အထိ ထောက်ပံ့ပေးပါတယ်။ ကုမ္ပဏီက မျှဝေထားတဲ့ ဓါတ်ပုံအရ Redmi K30 မှာ ၆.၆၇ လက်မ Display နဲ့ Dual Selfie Camera ထည့်သွင်းထားမှာပါ။ ဒါ့အပြင် ကုမ္ပဏီက 64MP Main Camera , 8MP , 5MP နဲ့ 2MP Camera တွေ ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီ ဖုန်းရဲ့ Promo Video ကိုလည်း အောက်မှာ ကြည့်နိုင်ပါတယ်။

Redmi K30 ရဲ့ Specs အပြည့်အစုံကို မသိရသေးပါဘူး။ ဒါပေမယ့် ကုမ္ပဏီက Punch-hole Display ၊ ဘေးဘက် လက်ဗွေရာ ကိရိယာ နဲ့ အရှေ့ကင်မရာ ၂ လုံး၊ အနောက်ကင်မရာ ၄ လုံးပါမယ်ဆိုတာ အတည်ပြုထားပြီးပါပြီ။

Ref : gsmarena

%d bloggers like this: