တရုတ်မှာ Snapdragon 855+ ပါတဲ့ iQOO Neo 855 Racing Edition ကို ကြေညာ

Vivo က iQOO Neo ကို အနည်းငယ် အဆင့်မြှင့်ထားတဲ့ iQOO Neo 855 ကို အောက်တိုဘာလက ချပြခဲ့ပါတယ်။ အခုတော့ iQOO Neo 855 ထက် အနည်းငယ် ပိုမိုက်တဲ့ iQOO Neo 855 Racing Edition ကို ကြေညာလိုက်ပါတယ်။

iQOO Neo 855 Racing Edition မှာ Snapdragon 855+ Chipset နဲ့ အဆင့်မြှင့်ထားပါတယ်။ တခြား အစိတ်အပိုင်းတွေက မူလ iQOO Neo 855 နဲ့ တူပါတယ်။ 12MP + 8MP + 2MP Triple Rear Camera နဲ့ 16MP Selfie Camera တပ်ဆင်ထားပါတယ်။ 33W Fast Charging ပါတဲ့ 4500mAh Battery ထည့်သွင်းထားပါတယ်။ ၁၀ မိနစ်အားသွင်းရင် ၂၅ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

Waterdrop Notch ပါတဲ့ ၆.၃၈ လက်မ Super AMOLED Display တပ်ဆင်ထားပြီး မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ Android Pie အခြေပြု Funtouch 9 မောင်းနှင်ထားပါတယ်။ Purple, Aurora White နဲ့ Black အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Gaming Smartphone ဖြစ်တဲ့ ဂိမ်းကစားရင် လျှင်မြန်သွက်လက်စေပြီး အပူချိန်လျှော့ချပေးတဲ့ နည်းပညာတွေ ထည့်သွင်းထားပါတယ်။ Dual-WiFi Acceleration နည်းပညာက ဂိမ်းကစားရင် လိုင်းကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ MultiTurbo 2.0 နဲ့ Super Liquid Cooling System တွေ ထည့်ထားပါတယ်။ 8/128GB မော်ဒယ်ကို ၂,၅၉၈ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅၅၀,၀၀၀ လောက်ရှိပါတယ်။ 12/128GB မော်ဒယ်ကို ၂,၇၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅၉၀,၀၀၀ လောက်ကျသင့်ပါတယ်။

Ref : gizmochina

%d bloggers like this: