Qualcomm က Snapdragon 865 ရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို ပြောလိုက်ပြီ

Qualcomm က မနေ့က Snapdragon 865 ကို ကြေညာခဲ့ပေမယ့် ဒီနေ့ကျမှ သတင်းအချက်အလက် အသေးစိတ်ကို ပြောကြားလိုက်ပါတယ်။ 865 ဟာ အရင်မျိုးဆက် 855 ထက် CPU စွမ်းရည်က ၂၅ ရာခိုင်နှုန်း ပိုမြန်လာပြီး ဂရပ်ဖစ်က ၂၀ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။

CPU မှာ ARM Cortex-A77 Cores တွေ ထည့်သွင်းထားပြီး 855 မှာ A76 ပဲပါတာပါ။ CPU Configuration က တော်တော်တူပြီး Colock Speed က မပြောင်းလဲပါဘူး။ Adreno 650 GPU က အသစ်ဖြစ်ပြီး QHD+ 144Hz Screen ကို ထောက်ပံ့ပါတယ်။ Spectra 480 ISP က 200MP Main Camera ကို ထောက်ပံ့ပြီး 25MP Dual Cam တွေအထိ သုံးနိုင်ပါတယ်။ 4K HDR 60fps Video တွေကို ဖမ်းယူပေးနိုင်ပါတယ်။ Burst Image တွေကို 4K 120fps or 8K 30fps နှုန်းနဲ့ ရိုက်ကူးပေးနိုင်ပါတယ်။

X55 Modem နဲ့ တွဲဖက် သုံးရမှာ ဖြစ်ပြီး 4G ရော 5G ပါ ထောက်ပံ့ပါတယ်။ သီအိုရီအရ 5G ဆိုရင် 7.5Gbps နဲ့ 4G ဆိုရင် 2.5Gbps Download Speed ကို ထောက်ပံ့ပေးပါတယ်။ Upload Speed က 3Gbps နဲ့ 316Mbps အသီးသီး ဖြစ်ပါတယ်။ 865 ဟာ WiFi 6 , Bluetooth 5.1 တွေကို ထောက်ပံ့ပါတယ်။

Ref : gsmarena

%d bloggers like this: