ကမ္ဘာ့ရောင်းအားအကောင်းဆုံး Console Brand အဖြစ် PlayStation ကမ္ဘာ့စံချိန်တင်

ပြီးခဲ့တဲ့ ၂၅နှစ် ဒီဇင်ဘာလ ၃ ရက် ၁၉၉၄ ခုနှစ်မှာ ဂျပန်ရဲ့ Sony ဟာ PlayStation လို့ခေါ်တဲ့ လူတိုင်းသဲခြေကြိုက်ဖြစ်လာမယ့် Game Console ကို စတင်မိတ်ဆက်ပေးပြီးခဲ့ပြီး ယခုအခါမှာတော့ Guinness ကမ္ဘာ့စံချိန်ကို ရယူနိုင်တဲ့အထိ အရှိန်အဟုတ်ကြီးမားခဲ့ပြီဖြစ်ပါတယ်။ Sony အနေနဲ့ ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံး ဂိမ်းစက်အဖြစ် စံချိန်တင်ခဲ့တာ ဖြစ်ပြီး ဒီအကြောင်းကို တရားဝင် Twitter ကနေတစ်ဆင့် ထုတ်ပြန်သွားခဲ့တာပါ။

“ဂင်းနစ်ကမ္ဘာ့စံချိန်ရဲ့ နိုဝင်ဘာလ ၇ရက်နေ့အထိ တွက်ချက်ခဲ့မှုအတွင်း PlayStation, PS2, PS3 နဲ့ PS4 ဂိမ်းစက်အလုံးရေ သန်း ၄၅၀ အထိရောင်းချခဲ့ရပြီး ရောင်းအားအကောင်းဆုံး ဗီဒီယိုဂိမ်းစက် Brand အဖြစ်ရပ်တည်နိုင်ခဲ့တဲ့အပေါ် အရမ်းပျော်ရွှင်စိတ်လှုပ်ရှားမိပါတယ်” လို့ Sony Interactive Entertainment ရဲ့ CEO ဖြစ်သူ Jim Ryan နဲ့ ယခင် CEO Ken Kutaragi တို့ရဲ့ ပုံနဲ့အတူ PlayStation Twitter မှာဖော်ပြခဲ့တာပါ။

https://twitter.com/PlayStation/status/1201778321345769472?s=20

တစ်ခုချင်းစီအလိုက်ကြည့်မယ်ဆိုရင် PS2 နဲ့ PS4 တို့ဟာ ရောင်းအားအကောင်းဆုံးအဖြစ် အသီးသီးရပ်တည်ခဲ့တာဖြစ်ပြီး၊ အလုံးရေ ၁၅၅ သန်းနဲ့ အလုံးရေ ၁၀၂.၈ သန်းစီ အသီးသီးရောင်းချခဲ့ရတာပါ။ မူလ PlayStation ကတော့ ၁၀၂.၅ သန်းနဲ့ PS4 ရဲ့ကျော်တက်တာကိုခံခဲ့ရပြီး PS3 ကတော့ ရောင်းအားအနည်းဆုံးအဖြစ် အလုံးရေ ၈၇.၄ သန်းသာရောင်းချခဲ့ရတာပါ။

လက်ရှိ Sony အနေနဲ့ ၂၀၂၀ ခုနှစ်မှာ နောက်ထပ် မျိုးဆက်သစ် ဖြစ်တဲ့ PS5 ကို ထုတ်လုပ်ဖို့အတွက် ပြင်ဆင်နေပြီဖြစ်ပြီး၊ The Last of US Part 2 နဲ့ Ghost of Tsushima တို့လို ဂိမ်းတွေက ဂိမ်းစက်အသစ်နဲ့မှ အတူတကွ ထွက်လာမှာ ဖြစ်ကြောင်းသိရပါတယ်။

Ref: CNet

%d bloggers like this: