ဆဲလ်ဖီး ကင်မရာ ၂ လုံး ပါတဲ့ Xiaomi Mi Mix 4 ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

Xiaomi Mi Mix 4 ရဲ့ သတင်းတွေအရင်ကလည်း ထွက်ပေါ်ခဲ့ပါတယ်။ အခုလည်း သူ့ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အထူးခြားဆုံးက Notch , Pop-up နဲ့ Punch-hole Design တွေ မသုံးထားဘဲ မျက်နှာပြင်အောက်မှာ ဆဲလ်ဖီး ကင်မရာ ၂ လုံးကို မြှပ်နှံထားပါတယ်။ မျက်နှာပြင်ရဲ့ အထက် အလယ်နားမှာ ထည့်သွင်းထားတာပါ။

Xiaomi Mi Mix 4 မှာ QuadHD Curved Display ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ Snapdragon 855+ SoC , UFS 3.0 Flash Storage တွေ ပါလာနိုင်ပါတယ်။ 60, 90 နဲ့ 120Hz Refresh Rates တွေကို ထောက်ပံ့ပါတယ်။ ဆဲလ်ဖီး ကင်မရာတွေက 12MP+2MP ဖြစ်ပြီး အနောက်ဘက်မှာ 108MP + 20MP + 12MP + 5MP ကင်မရာတွေ ပါလာနိုင်ပါတယ်။

Mi Mix 4 ဟာ 108MP Camera ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမယ်လို့ အရင်ကတည်းက သတင်းထွက်နေပါတယ်။ 5x Optical Zoom ပါလာနိုင်ပါတယ်။ Wireless Reverse Charging ပါတဲ့ ပထမဆုံး Mi Mix Phone ပါ။ Android 10 အခြေပြု MIUI 11 မောင်းနှင်ထားနိုင်ပါတယ်။

12GB RAM ,1TB Storage တွေပါလာမှာပါ။ 40W Fast Charge ပါတဲ့ 4,500mAh Battery ထည့်ထားမှာပါ။ မျက်နှာပြင်ရဲ့ ဘယ်နေရာကနေ မဆို လက်ဗွေရာနဲ့ ဖုန်းကို Unlock လုပ်နိုင်တဲ့ Under-display Fingerprint Sensor ပါလာနိုင်ပါတယ်။ Mi Mix 4 မှာ Mi Mix 3 ထက် ပိုကောင်းတဲ့ Wireless Charging ပါလာနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: