Pablo Escobar ရဲ့ ညီဖြစ်သူက ဒေါ်လာ ၃၅၀ တန် ခေါက်ဖုန်းထုတ်လုပ်

ကိုလံဘီယာ ဆေးဘုရင် Pablo Escobar ရဲ့ ညီတော်သူဖြစ်တဲ့ Roberto De Jesus Escobar Gaviria ဟာ Motorola, Samsung နဲ့ Huawei တို့လို နည်းပညာကုမ္ပဏီကြီးတွေကို ခြေရာတိုင်းပြီး Escobar Fold 1 လို့ခေါ်တဲ့ ခေါက်ဖုန်းကို ထုတ်လုပ်လိုက်ပါတယ်။ ဒါပေမယ့် ယခုထုတ်လုပ်လိုက်တဲ့ဖုန်းက ကုမ္ပဏီကြီးတွေ ထုတ်လုပ်တဲ့ ဒေါ်လာ ထောင်ချီစျေးကြီးတဲ့ ဖုန်းမျိုးမဟုတ်ပဲ ဒေါ်လာ ၃၅၀ သာကျသင့်မှာပါ။ ဒီဖုန်းဟာ ကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ “Network” အားလုံးနဲ့ Compatible ဖြစ်တယ်လို့လဲ အာမခံထားပါတယ်။

ဖုန်းရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ပရိုမိုးရှင်းဗီဒီယိုတွေအရ ဖုန်းဟာ မျက်နှာပြင်အကျယ် ၇.၈လက်မအထိရှိတဲ့ AMOLED full HD plus screen ကိုအသုံးပြုထားပြီး၊ Android 9 နဲ့ အလုပ်လုပ်မှာပါ။ Chipset အနေနဲ့ Snapdragon ရဲ့ 8 series ကိုအသုံးပြုထားပြီး 16 နဲ့ 20-mp ရှိတဲ့ ကင်မရာတွေပါဝင်ပါတယ်။

ဗီဒီယိုမှာ အထူးအဆန်းအနေနဲ့ Apple တည်ထောင်သူ Steve Jobs ရဲ့ ရည်ညွှန်းချက်အချို့လည်းပါဝင်ပေမယ့် ဖုန်းမျက်နှာပြင်မှာ Wallpaper အနေနဲ့ကတော့ Pablo Escobar ရဲ့ ပုံကို ထည့်သွင်းထားတာတွေ့ရပါတယ်။ ဗီဒီယိုအရ ဖုန်းဟာ တကယ်မိုက်ပြီး လက်ရှိ Flagship တွေကိုယှဉ်နိုင်တဲ့အရည်အသွေးရှိတာကိုတွေ့ရပါတယ်။

“မိုဘိုင်းလ်လောကအတွက် တကယ့် ပြောင်းလဲမှုပါပဲ၊ မစ္စတာ Escobar လုပ်တဲ့ လုပ်ဆောင်ချက်က ကမ္ဘာပေါ်က ရောင်းချသူတွေ၊ အသုံးပြုသူတွေကို များစွာအကျိုးရှိစေမှာပါ” လို့ Escobar Inc ရဲ့ CEO ဖြစ်သူ Gustafsson က ပြောပါတယ်။

အဲ့ဒီအပြင် ကုမ္ပဏီတာဝန်ရှိသူရဲ့ ပြောကြားချက်အရ ဖုန်းဟာ လက်ရှိ Samsung မှာ ကြုံတွေ့နေတဲ့ အကြမ်းခံနိုင်တဲ့ ပြသနာတွေကို ကြုံတွေ့မှာမဟုတ်ပဲ အထူးပလက်စတစ်တစ်ခုနဲ့ပြုလုပ်ထားတာကြောင့် “မကွဲကြေနိုင်ကြောင်း” အာမခံခဲ့ပါသေးတယ်။ လက်ရှိ Escobar Fold ဖုန်းကို 128GB အတွက် ဒေါ်လာ ၃၅၀နဲ့ 512GB အတွက် ဒေါ်လာ ၅၀၀ စျေးသတ်မှတ်ထားကြောင်းသိရပါတယ်။

Ref: CNet

%d bloggers like this: