Meizu က Xiaomi ထက် စောပြီး Snapdragon 865 ဖုန်း အရင်ဆုံး ရောင်းမယ်လို့ ပြော

Xiaomi က Mi 10 ဟာ Snapdragon 865 ပါတဲ့ ပထမဆုံး တရုတ် ဖုန်း ဖြစ်မယ်လို့ ဒီနေ့ အစောပိုင်းက ကြွေးကြော်ခဲ့ပါတယ်။ အခုတော့ Meizu က 865 ဖုန်းကို အရင်ဆုံး ထုတ်လုပ်ရောင်းချမှာက သူတို့ ကုမ္ပဏီ ဖြစ်တယ်လို့ Xiaomi ကို ခွပ်လိုက်ပါတယ်။ အဲဒီ ဖုန်းဟာ စွမ်းရည်မြင့် Meizu 17 ဖြစ်ပါတယ်။

Meizu က အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ ဒါပေမယ့် လာမယ့်နှစ် အစောပိုင်းမှာ ထွက်လာမှာပါ။ သူဟာ Dual-mode 5G ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး ကုမ္ပဏီ ထုတ်လုပ်ဖူးသမျှထဲမှာ စွမ်းရည် အမြင့်မားဆုံး ဖြစ်လာမှာပါ။

Xiaomi နဲ့ OPPO တို့က လာမယ့်နှစ် ပထမ ၃ လအတွင်းမှာ Snapdragon 865 ဖုန်းတွေ ရောင်းမယ်လို့ အတည်ပြုထားပါတယ်။ Xiaomi က Mi 10 ဟာ 865 ပါတဲ့ အစောဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်မယ်လို့ ပြောပါတယ်။ Motorola ကလည်း လာမယ့်နှစ်မှာ စွမ်းရည်မြင့် ဖုန်းတွေ ထုတ်မယ်လို့ အတည်ပြုလိုက်ပါတယ်။ အခုတော့ Meizu ကပါ ပြိုင်ဖက် 865 ဖုန်းတွေကို လိုက်ဖိုက်တော့မှာပါ။

865 ဟာ စွမ်းရည်မြင့် 5G ဖုန်းတွေအတွက် ဒီဇိုင်းထုတ်ထားတာပါ။ သူ့ကို Snapdragon X55 5G Modem နဲ့ တွဲဖက် သုံးရမှာပါ။ 865 ဟာ 200MP ကင်မရာနဲ့ 8K 30fps Video Recording အထိ ထောက်ပံ့မှာပါ။ 865 ရဲ့ တခြား သတင်းအချက်အလက် အပြည့်အစုံကို လာမယ့်ရက်ပိုင်းအတွင်း ကြေညာနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: