Samsung Galaxy Fold 2 ဟာ ဒေါ်လာ ၁၀၀၀ အောက်ပဲ ရှိနိုင်

The Korea Herald ရဲ့ သတင်းအရ Samsung ရဲ့ နောက်ထုတ်မယ့် Galaxy Fold 2 ကို ဒီဇိုင်းပိုင်း အရမ်း ဆန်းသစ်ထားမှာ ဖြစ်ပြီး မူလ မော်ဒယ်ထက် ဈေးအရမ်းသက်သာမယ်လို့ သိရပါတယ်။ အဲဒီ ကိစ္စနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက Fold 2 ဟာ Motorola Razr လို ဒေါင်လိုက် Foldable ဖုန်း ဖြစ်မယ်လို့ သိရပါတယ်။

Foldable Screen ဧရိယာ သေးငယ်တဲ့အတွက် ကုန်ကျစားရိတ်သက်သာစေပါတယ်။ အဲဒီအတွက် Fold 2 ဟာ ဒေါ်လာ ၁၀၀၀ လောက်ပဲ ကျသင့်နိုင်ပြီး မြန်မာငွေ ၁၅ သိန်းလောက်ပဲရှိတော့မှာပါ။ ဒါ့အပြင် Gsmarena ရဲ့ စစ်တမ်းအရ လူတွေဟာ ဒေါင်လိုက် ခေါက်ချိုးတဲ့ ဒီဇိုင်းကို ပိုကြိုက်ကြတယ်လို့ သိရပါတယ်။

Fold 2 ကို တောင်ကိုရီးယားမှာ ၈၄၀ ဒေါ်လာလောက်နဲ့ ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။ တခြား နိုင်ငံတွေမှာ ဒေါ်လာ ၁၀၀၀ လောက်နဲ့ ရောင်းပေးနိုင်ပါတယ်။ အဲဒီ ဖုန်းကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ကြေညာနိုင်ပြီး နောက်နှစ် နှောင်းပိုင်းမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: