အသုံးပြုသူရဲ့ ဒေတာတွေကို ခိုးယူသိမ်းဆည်းခဲ့တဲ့အတွက် TikTok ကိုအမေရိကန်ကျောင်းသား တရားစွဲ

ဗီဒီယို Sharing App တစ်ခုဖြစ်တဲ့ Tik Tok ဟာ အသုံးပြုသူရဲ့ ဒေတာတွေကို တိတ်တဆိတ်ခိုးယူပြီး တရုတ်ကို ပို့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူပေးဖို့ တရားစွဲဆိုမှုတစ်ရပ်ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖက်ဒရယ်တရားရုံးမှာ စွဲဆိုတင်သွင်းခံလိုက်ရပါတယ်။

ဒီတရားစွဲချက်ဟာ ကုမ္ပဏီရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ကိုအသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ ပေါ်လစီတွေချိုးဖောက်မှုနဲ့ စွပ်စွဲခဲ့တာဖြစ်ပြီး၊ TikTok အနေနဲ့ အမေရိကန်နိုင်ငံအတွင်းက အသုံးပြုသူတွေရဲ့ ပရိုဖိုင်နဲ့ ယူဆာဒေတာတွေကို စုဆောင်းသိမ်းဆည်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

‘TikTok အနေနဲ့ မကောင်းတာတွေကို အပျော်တွေနဲ့ ဖုံးအုပ်ထားပါတယ်” လို့ စွဲဆိုချက်မှာဆိုပါတယ်။ ဒီစွဲဆိုမှုကို ပြလုပ်သူကတော့ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ Misty Hong ဆိုတဲ့ ကောလိပ်ကျောင်းသားတစ်ဦးဖြစ်ပြီး ဖက်ဒရယ် ကွန်ပျူတာဥပဒေချိုးဖောက်မှုနဲ့ Bytedance ကို စွဲဆိုခဲ့တာပါ။

TikTok ဟာ ယခုနှစ်ပိုင်းမှာ သိသိသာသာ အောင်မြင်လာခဲ့တာဖြစ်ပြီး၊ တစ်ကမ္ဘာလုံးမှာ ဒေါင်းလုဒ်ပြုလုပ်သူပေါင်း ၁.၅ ဘီလီယံ အထိ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

%d bloggers like this: