Samsung Galaxy S10 အတွက် Stable Android 10 ကို နိုင်ငံတချို့မှာ တိုးချဲ့ဖြန့်ချိလိုက်ပြီ

ဂျာမနီမှာ Galaxy S10 အတွက် Stable Android 10 ကို ဖြန့်ချိပေးပြီးနောက်မှာ နိုင်ငံတချို့မှာ ရရှိပြီလို့ သိရပါတယ်။ တောင်ကိုရီးယားနဲ့ ပနားမားမှာ Android 10 အခြေပြု One UI 2 ကို အင်စတောလုပ်နိုင်ပါပြီ။ အိန္ဒိယ၊ ဗြိတိန်၊ စပိန်နဲ့ ပိုလန် နိုင်ငံတွေက Beta Tester တွေအတွက်လည်း အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ ဂျာမနီမှာလိုပဲ Android 9 Pie ထည့်ထားတဲ့ ဖုန်းတွေမှာ Android 10 ရပြီဆိုတဲ့ Notification တက်လာမှာ ဖြစ်ပါတယ်။

Galaxy S10 , S10+ , S10e ကိုင်ထားသူတွေက Settings ထဲမှာ Update ရပြီလားဆိုတာ စစ်ဆေးနိုင်ပါတယ်။ S10 5G အတွက်တော့ Update မရသေးဘူးလို့ သိရပါတယ်။ ဒီနှစ်နှောင်းပိုင်းကမှ ကြေညာထားတဲ့ စွမ်းရည်မြင့် Galaxy Note 20 တွေက အမေရိကန်နဲ့ အိန္ဒိယမှာ Beta Testing ရရှိနေပြီ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: