၂၀၂၀ ခုနှစ်မှာ 5G iPhone ၄ လုံးထွက်မည်

CNBC ရဲ့ သတင်းအရ Apple ဟာ ၂၀၂၁ ခုနှစ်မှာ iPhone ရောင်းတဲ့ နည်းဗျူဟာကို ပြောင်းလဲနိုင်ပါတယ်။ Apple ဟာ အဲဒီနှစ်ကစပြီး ၁ နှစ်မှာ ဖုန်း ၂ ကြိမ် ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ ထုံးစံအရ ကုမ္ပဏီဟာ iPhone တွေကို ခရစ်စမတ် အားလပ်ရက် ကာလ မရောက်ခင် စက်တင်ဘာလမှာ ကြေညာလေ့ရှိပါတယ်။

၆ လ ၁ ကြိမ် ထုတ်ကုန်တွေကို ဆန်းသစ်နိုင်ပြီး ၁ နှစ်ပတ်လုံး ဖုန်းတွေ ထုတ်နေတဲ့ တခြား ကုမ္ပဏီတွေကို ယှဉ်ပြိုင်နိုင်အောင် ဒီလို နည်းဗျူဟာ ပြောင်းတာ ဖြစ်နိုင်ပါတယ်။ Huawei နဲ့ Samsung တို့ဟာလည်း သူတို့ရဲ့ စွမ်းရည်မြင့် ဖုန်းတွေကို ၁ နှစ်မှာ ၂ ကြိမ် ရောင်းလေ့ရှိပါတယ်။

Apple ဟာ ၂၀၂၀ ခုနှစ်မှာ 5G iPhone ၄ လုံး ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။ OLED Display တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး တချို့မော်ဒယ်တွေမှာ mmWave နည်းပညာ မပါဘူးလို့ သိရပါတယ်။ လာမယ့်နှစ် iPhone တွေရဲ့ အရွယ်အစားကို ပြောင်းလဲထားမယ်လို့ ထင်ပါတယ်။ ၅.၄ လက်မ မျက်နှာပြင် ၁ လုံး၊ ၆.၁ လက်မ မျက်နှာပြင် ၂ လုံးနဲ့ ၆.၇ လက်မ မျက်နှာပြင် ၁ လုံးတို့ ထွက်လာနိုင်ပါတယ်။

စွမ်းရည်မြင့် မော်ဒယ် ၂ လုံးမှာ mmWave 5G နဲ့ ကင်မရာ ၃ လုံး ပါလာနိုင်ပါတယ်။ တခြား မော်ဒယ်တွေမှာ ကင်မရာ ၂ လုံးပဲ ထည့်သွင်းထားနိုင်ပါတယ်။ 5G Android Phone တွေက ဒီနှစ်ထဲမှာ များစွာ ထွက်ပေါ်လာပြီး Apple ကတော့ နောက်ကျနေတာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: