48MP Quad Camera ပါတဲ့ Vivo Y9s ကို ကြေညာ

Vivo က တရုတ်မှာ စွမ်းရည်သင့် Y9s ကို ကြေညာလိုက်ပါတယ်။ ၆.၃၈ လက်မ Full HD+ Super AMOLED Display တပ်ဆင်ထားပြီး Screen-to-body Ratio က ၉၀ ရာခိုင်နှုန်းတောင်ရှိတဲ့အတွက် အရမ်းမိုက်တဲ့ ဘောင်ပျောက် ဒီဇိုင်းပါ။ Snapdragon 665 , 8GB RAM တွေ ပါပါတယ်။ သူ့ရဲ့ အလန်းဆုံး အစိတ်အပိုင်းက အနောက်ကင်မရာတွေ ဖြစ်ပြီး 48MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပြီး အနောက်ဘက်ကို 3D Glass နဲ့ ဖုံးအုပ်ထားပါတယ်။ Fast Charging ပါတဲ့ 4500mAh Battery တပ်ထားပါတယ်။

Vivo Y9s specifications

• 6.38-inch (2340 × 1080 pixels) Full HD+ Super AMOLED display
• Octa Core Snapdragon 665 11nm Mobile Platform (Quad 2GHz Kryo 260 + Quad 1.8GHz Kryo 260 CPUs) with Adreno 610 GPU
• 8GB RAM, 128GB storage
• Android 9.0 (Pie) with Funtouch OS 9
• Dual SIM
• 48MP rear camera with f/1.8 aperture, LED flash, 8MP wide-angle camera with f/2.2 aperture, 2MP depth sensor and 2MP for macro with f/2.4 aperture
• 32MP front-facing camera with f/2.0 aperture
• In-display fingerprint sensor
• 3.5 mm audio jack, FM Radio
• Dimensions: 159.25×75.19×8.68mm; Weight: 186.7g
• Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
• 4500mAh (typical) / 4390mAh (minimum) battery with 18W fast charging

အပြာ၊ အနက်နဲ့ ပန်းရောင်တွေ ထုတ်လုပ်ထားပြီး ၁၉၉၈ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄၂၀ ၀၀၀ လောက်ရှိပါတယ်။

Ref : fonearena

%d bloggers like this: