Facebook က ဓါတ်ပုံတွေကို Google Photos မှာ သိမ်းနိုင်ပြီ

Facebook က သုံးစွဲသူတွေရဲ့ ဓါတ်ပုံတွေကို Google Photos မှာ သိမ်းနိုင်တဲ့ လုပ်ဆောင်ချက်ကို ပြုလုပ်ပေးလိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို Apple , Google , Microsoft, Twitter နဲ့ Facebook တို့ ပူးပေါင်းလုပ်ဆောင်နေကြတဲ့ စီမံကိန်း တစ်ခု ဖြစ်ပြီး ပလက်ဖောင်းတွေကြားမှာ ဒေတာတွေ လွယ်ကူစွာ ကူးပြောင်းနိုင်ဖို့ ဖြစ်ပါတယ်။

A picture taken on October 1, 2019 in Lille shows the logos of mobile apps Facebook and Google displayed on a tablet. (Photo by DENIS CHARLET / AFP) (Photo by DENIS CHARLET/AFP via Getty Images)

လက်ရှိမှာ Facebook က ဓါတ်ပုံတွေကို Google Photos မှာ သိမ်းနိုင်တဲ့ လုပ်ဆောင်ချက်ကို အိုင်ယာလန်မှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ တခြား နိုင်ငံတွေအတွက် ၂၀၂၀ ခုနှစ် အစောပိုင်းမှာ ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

Facebook က အဲဒီ လုပ်ဆောင်ချက်ကို Google Photos အပြင် တခြား ပလက်ဖောင်းတွေနဲ့ပါ အသုံးပြုနိုင်အောင် ပြုလုပ်ပေးမယ်လို့ ပြောပါတယ်။ နောက်ပိုင်းမှာ Facebook က ဓါတ်ပုံတွေကို iCloud နဲ့ OneDrive တွေမှာ သိမ်းနိုင်တော့မယ်လို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: