Xiaomi Mi Watch ကို iOS Device နဲ့ တွဲဖက် သုံးနိုင်ပြီ

Xiaomi Mi Watch ကို မကြာခင်က ကြေညာထားပြီး Android Device တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ အခုတော့ iOS Device နဲ့ တွဲဖက် သုံးနိုင်တဲ့ လုပ်ဆောင်ချက်ကို Firmware Update နဲ့ ထည့်သွင်းပေးလိုက်ပါတယ်။ ၃ ရက်နေ့မှာ တရုတ်မှာ စတင် ဖြန့်ချိပေးမှာ ဖြစ်ပြီး OTA Update ကနေ ရယူနိုင်ပါတယ်။ Update မှာ Launcher နဲ့ Xiaomi Wear App for iOS ပါလာပါတယ်။

Mi Watch ဟာ Mi Brand ရဲ့ ပထမဆုံး စမတ်နာရီ ဖြစ်ပါတယ်။ ကုမ္ပဏီက ဖုန်းလိုသုံးနိုင်တဲ့ စမတ်နာရီလို့ ပြောပါတယ်။ ၁.၇၈ လက်မ AMOLED Screen ထည့်သွင်းထားပြီး Always-on စွမ်းရည်ပါပါတယ်။ ကိုယ်ထည်က ၄၄ မီလီမီတာ အထူရှိပါတယ်။ ခလုတ် ၁ ခုထဲပါပြီး User Interface မှာ Navigate လုပ်နိုင်တဲ့ Crown ကို ညာဘက်မှာ ထည့်ထားပါတယ်။ ဘယ်ဘက်မှာ စပီကာ ၁ လုံးနဲ့ မိုက်ကရိုဖုန်း ပါပါတယ်။ Bluetooth , NFC နဲ့ eSIM Support တွေ ထည့်ထားပါတယ်။

Mi Watch မှာ Google Wear OS ကို အခြေပြုထားတဲ့ Xiaomi ရဲ့ MIUI for Watch OS မောင်းနှင်ထားပါတယ်။ MIUI for Watch မှာ App ပေါင်း ၄၀ ကို ထည့်ထားပြီး ကိုယ်ပိုင် App Store ပါပါတယ်။ ရေကူးတာ အပါအဝင် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်ပါပါတယ်။ နှလုံးနဲ့ ပတ်သက်တဲ့ ဒေတာတွေကို တွက်ချက်ပေးပါတယ်။

သူ့မှာ Snapdragon Wear 3100 4G Chipset , 1GB RAM နဲ့ 8GB Storage ထည့်ထားပါတယ်။ 4G ဖွင့်ထားရင် ဘက်ထရီ သက်တမ်းက ၃၆ နာရီခံ အသုံးခံပါတယ်။ 570mAh Battery ပါလာပြီး စမတ်နာရီတွေထဲမှာ အကြီးမားဆုံးဖြစ်လာပါတယ်။ တရုတ်မှာ ဒီလ ၁၁ ရက်နေ့တွင် ၁၂၉၉ ယွမ်နဲ့ ရောင်းပေးမှာပါ။ မြန်မာငွေ ၂၈၀ ၀၀၀ လောက်ရှိပါတယ်။ Premium Edition Mi Watch မှာ Sapphire Crystal Screen နဲ့ Stainless Steel Frame တပ်ဆင်ထားပြီး ၁၉၉၉ ယွမ် တန်ကြေးရှိပါတယ်။ မြန်မာငွေ ၄၃၀ ၀၀၀ လောက်ကျသင့်ပါတယ်။

Ref : gsmarena

%d bloggers like this: