Samsung Galaxy S10 Lite မကြာခင် ထွက်လာနိုင်

Samsung က သူ့ရဲ့ ပြင်သစ် ဝက်ဘ်ဆိုက်မှာ Galaxy S10 Lite ရဲ့ Support Page ကို လွှင့်တင်လိုက်ပါတယ်။ အဲဒီအတွက် မကြာခင်မှာ ကြေညာမယ်လို့ ထင်ပါတယ်။ SM=G770F/DS Model အတွက် Page ကို ဖန်တီးလိုက်တာ ဖြစ်ပြီး အဲဒါဟာ Galaxy S10 Lite ဖြစ်မယ်လို့ သိရပါတယ်။ အဲဒီ Model ကို FCC Page မှာလည်း တွေ့ခဲ့ရပြီး 45W Fast Charging ထောက်ပံ့တဲ့ 4,500mAh Battery ပါမယ်လို့ သတင်းထွက်နေပါတယ်။

Galaxy S10 Lite မှာ 48MP Main , 12MP Ultrawide နဲ့ 5MP Depth Sensor တွေ ပါမယ်လို့ သတင်းထွက်နေပါတယ်။ အရှေ့ ကင်မရာက 32MP ဖြစ်ပါတယ်။ Samsung က မကြာခင်မှာ Galaxy S10 Lite ကို ချပြတော့မယ်လို့ ထင်ရပါတယ်။ သူနဲ့အတူ Galaxy Note 10 Lite ပါ ထွက်လာနိုင်ပါတယ်။

သူ့ရဲ့ သတင်းအချက်အလက်တွေ မကြာခင်က Geekbench ကနေ ထွက်လာခဲ့ဖူးပါတယ်။ 45W Fast Charging ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆.၇ လက်မ ဖြစ်ပြီး Full HD+ Resolution ဖြစ်ပါတယ်။ Galaxy A91 မှာလို Qualcomm Snapdragon 855 Chipset မောင်းနှင်ထားမှာပါ။ 8GB RAM နဲ့ 128GB Storage တွေ ထည့်သွင်းထားနိုင်ပါတယ်။

Galaxy S10 Lite ရဲ့ အစိတ်အပိုင်း အများစုဟာ Galaxy S10 နဲ့ တူမှာ ဖြစ်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ လာမယ့် လတွေအတွင်းမှာ ပိုသိလာရမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: