Xiaomi Mi 10 Pro လာမယ်လို့ Xiaomi ရဲ့ ဥက္ကဌ လင်ဘင်က ပြော

Xiaomi ရဲ့ အလန်းစား Mi 9 ကို ဖေဖော်ဝါရီလက ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာ သူ့ရဲ့ မော်ဒယ်ခွဲတွေ ဖြစ်တဲ့ Mi 9 SE နဲ့ Mi 9 Pro တို့ ထွက်လာခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဥက္ကဌ လင်ဘင်က နောက်မျိုးဆက် စွမ်းရည်မြင့် Mi Phone လာမယ်လို့ သတင်းပေးလိုက်ပါတယ်။

Mi 9 Pro နဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုအောက်မှာ လင်ဘင်က Mi 9 Pro ရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ Mi 10 Pro လာမယ်လို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကိုတော့ မသိရသေးပေမယ့် ထွက်လာမယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခဲ့ပါပြီ။

Xiaomi Mi 9 ကို တရုတ်က ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားလိုက်ပြီလို့ သိရတဲ့အတွက် သူ့ရဲ့ မျိုးဆက်သစ်ကို မကြာခင် မြင်ရတော့မယ်လို့ ထင်ပါတယ်။ လက်ရှိမှာ Mi 10 Series တွေနဲ့ ပတ်သက်တဲ့ သတင်းတွေအရ Qualcomm Snapdragon 865 SoC မောင်းနှင်ထားပြီး 108MP Main Camera ပါလာမယ်လို့ သိရပါတယ်။ Android 10 အခြေပြု MIUI 11 မောင်းနှင်ထားမယ်လို့ သိရပါတယ်။ တရုတ်မှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်အရ 66W Fast Charging ပါတဲ့ Xiaomi ရဲ့ စမတ်ဖုန်း အသစ် ၂ လုံးထွက်လာမယ်လို့ သိရပါတယ်။

Ref : gsmarena

%d bloggers like this: