Redmi Note 8 Series တွေ ၁၀ သန်းကျော် ရောင်းချနိုင်ပြီ

Redmi Note 8 Series တွေ ၃ လအတွင်းမှာ အလုံးရေ ၁၀ သန်းကျော် ရောင်းချနိုင်ပြီလို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ ရောင်းအားက ဖလန်းဖလန်းထနေပြီး တစ်ရက်ကို အလုံးရေ ၁၁၀ ၀၀၀ ပျမ်းမျှ ရောင်းချနိုင်နေတာပါ။ အလုံးရေ ၁၀ သန်းရောင်းချနိုင်တဲ့ အချိန်ဟာ Redmi Note 7 ထက် ၁ လစောပါတယ်။

Redmi Note 8 ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Note 8 မှာ Snapdragon 665 Chipset ထည့်သွင်းထားပြီး 11 nm Process နဲ့ တည်ဆောက်ထားပါတယ်။ Kryo 260 Core ၈ လုံး ပါပါတယ်။ အနောက်ဘက်မှာ 48MP Samsung ISOCELL GM2 Sensor , 8MP Ultrawide , 2MP Depth , 2MP Macro Cameras တွေ ထည့်သွင်းထားပါတယ်။ 13MP Selfie Camera တပ်ဆင်ထားပါတယ်။

Redmi Note 8 မှာ ၆.၃ လက်မ Full HD+ Display ပါပြီး တန်ဖိုးနည်း ဖုန်း ဖြစ်တဲ့ အတွက် OLED တော့ မသုံးထားပါဘူး။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာတော့ မပါပါဘူး။

18W Charging ပါတဲ့ 4,000mAh Battery ပါပြီး USB-C Port ကနေ အားသွင်းရမှာပါ။ အနက်၊ အဖြူနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပြီး 4/64GB ကို ၁၄၀ ဒေါ်လာ၊ 6/64GB ကို ၁၆၇ ဒေါ်လာနဲ့ 6/128GB ကို ၁၉၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina

%d bloggers like this: