Vivo U20 ကို အိန္ဒိယမှာ ရောင်းပြီ

Vivo U20 ကို ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကြေညာခဲ့ပါတယ်။ အခုတော့ အိန္ဒိယမှာ ရောင်းချပေးလိုက်ပါပြီ။ Amazon နဲ့ Vivo E-shop အွန်လိုင်းစတိုးတွေကနေပဲ ရောင်းပေးနေတာ ဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ် ဖြစ်တဲ့ 4/64GB ကို ၁၀၉၉၀ ရူပီးနဲ့ 6/64GB ကို ၁၁၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂၃၀ ၀၀၀ နဲ့ ၂၅၀ ၀၀၀ လောက် အသီးသီး ကျသင့်မှာပါ။ အနက်နဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပါတယ်။

သူ့မှာ ၆.၅၃ လက်မ Full HD+ Display ထည့်သွင်းထားပြီး Screen-to-body Ratio က ၉၀.၃ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက အရမ်းမိုက်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ ၁ လုံး တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး ပလတ်စတစ် ကိုယ်ထည် ဖြစ်ပါတယ်။ အနောက်ဘက် အရောင်တောက်ပြောင်တဲ့ ဒီဇိုင်းက မိုက်ပါတယ်။ 18W Dual Engine Fast Charging ပါပေမယ့် micro USB ပဲပါတာက သိပ်မမိုက်ပါဘူး။

Vivo U20 specifications

• 6.53-inch (2340 × 1080 pixels) Full HD+ display
• 2GHz Octa-Core Snapdragon 675 Mobile Platform with Adreno 612 GPU
• 4GB / 6GB RAM, 64GB (UFS 2.1) storage, expandable up to 256GB with micoSD
• Android 9.0 (Pie) with Funtouch OS 9.1
• Dual SIM (nano + nano + microSD)
• 16MP primary sensor with Sony IMX499 sensor, f/1.78 aperture + 8MP 120° ultra wide sensor with f/2.2 aperture+ 2MP 4cm macro sensor with f/2.4 aperture
• 16MP front-facing camera with f/2.0 aperture
• Fingerprint sensor
• 3.5 mm audio jack, FM Radio
• Dimensions: 162.15 × 76.47 × 8.89mm; Weight: 193g
• Dual 4G VoLTE, WiFi 802.11 ac dual-band, Bluetooth 5, GPS/GLONASS, micro USB port
• 5000mAh (typical) battery with 18W fast charging

Ref : gsmarena, fonearena

%d bloggers like this: