Realme X2 အတွက် ထောပတ်သီး အရောင်ထွက်ရှိ

Realme X2 အတွက် ပုလဲဖြူနဲ့ ပုလဲပြာ အရောင်တွေ ထုတ်လုပ်ထားပါတယ်။ အခုတော့ ထောပတ်သီး အရောင်ကို တရုတ်မှာ မိတ်ဆက်လိုက်ပါပြီ။ Avocado Green လို့ နာမည်ပေးထားပြီး ယွမ် ၁၈၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄ သိန်းလောက်ရှိပါတယ်။

Realme X2 ရဲ့ Screen-to-body Ratio က ၉၁.၉ ရာခိုင်နှုန်းရှိတာကြောင့် အရမ်းမိုက်ပါတယ်။ မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ 64MP အပါအဝင် အနောက်ကင်မရာ ၄ လုံး ထည့်ထားပါတယ်။ AI Scene Recognition , Chrome Boost , Super Nightscape နဲ့ Expert Mode တွေ ပါပါတယ်။ ဗီဒီယိုအတွက် EIS ပါပါတယ်။ အနောက်ဘက်ကိုလည်း Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ နဲ့ 30W VOOC 4.0 Fast Charging ပါပါတယ်။ မိနစ် ၃၀ အတွင်းမှာ ၆၇ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ USB Type-C Port ပါပါတယ်။

realme X2 specifications

• 6.4-inch (2340 × 1080 pixels) Full HD+ AMOLED display with Corning Gorilla Glass 5 protection
• Octa Core (2.2GHz Dual + 1.8GHz Hexa) Snapdragon 730G 8nm Mobile Platform with Adreno 618 GPU
• 6GB (LPPDDR4x) RAM with 64GB (UFS 2.1) storage / 8GB (LPPDDR4x) RAM with 128GB (UFS 2.1) storage, expandable memory up to 256GB with microSD
• Dual SIM
• ColorOS 6.0 based on Android 9.0 (Pie)
• 64MP rear camera with 1/1.72″ Samsung GW1 sensor, 0.8μm pixel size, f/1.8 aperture, LED flash, EIS, 8MP 119° ultra-wide angle lens with f/2.25 aperture, 1.12μm pixel size with 2MP depth sensor, f/2.4 aperture,1.75μm pixel size, 2MP for 4cm macro with f/2.4 aperture,1.75μm pixel size
• 32MP front-facing camera with f/2.0 aperture
• In-display fingerprint sensor
• Dimensions: 158.7×75.2×8.6mm; Weight: 182g
• Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C, NFC
• 4000mAh battery (typical) / 3920mAh (minimum) with 30W VOOC fast charging

Ref : gsmarena

%d bloggers like this: