L ပုံသဏ္ဍာန် အနောက်ကင်မရာ ၄ လုံးပါလာမယ့် Vivo V17

Vivo က မကြာခင်က စိန်ပုံသဏ္ဍာန် အနောက်ကင်မရာတွေ ပါတဲ့ V17 ကို ရုရှားမှာ ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို အိန္ဒိယမှာ လာမယ့် ၉ ရက်နေ့မှာ မိတ်ဆက်တော့မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဖုန်း ၂ လုံးမှာ ကွဲပြားချက်တွေ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ အနောက်ကင်မရာ ၄ လုံးရဲ့ Specs တွေ တူညီပေမယ့် ပုံသဏ္ဍာန် ကွဲပြားမှာ ဖြစ်ပါတယ်။ ရုရှားက မော်ဒယ်မှာ စိန်ပုံသဏ္ဍာန်နဲ့ အိန္ဒိယ မော်ဒယ်မှာ L ပုံသဏ္ဍာန်တွေ ဖြစ်ပါတယ်။

ရုရှား မော်ဒယ်မှာ Snapdragon 665 နဲ့ အိန္ဒိယ မော်ဒယ်မှာ Snapdragon 675 ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ရုရှား မော်ဒယ်မှာ ၆.၃၈ လက်မ FHD+ AMOLED Display နဲ့ Waterdrop Notch ပါပါတယ်။ အိန္ဒိယ မော်ဒယ်မှာ ၆.၄၄ လက်မ OLED Display နဲ့ Punch-hole ပါမယ်လို့ သတင်းထွက်နေပါတယ်။
L ပုံသဏ္ဍာန် အနောက်ကင်မရာ ၄ လုံးပါလာမယ့် Vivo V17

တခြား Specs တွေက ရုရှားမော်ဒယ်နဲ့ တူနိုင်ပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်ထားပါတယ်။ 8GB RAM , 128GB Storage ပါပြီး 256GB microSD Card စိုက်နိုင်ပါတယ်။ Android Pie အခြေပြု Funtouch OS 9.2 ပါလာပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide, 2MP Macro နဲ့ 2MP Depth Sensor တွေ ပါလာပါတယ်။ 32MP Selfie Camera ထည့်ထားပါတယ်။

18W Fast Charging ပါတဲ့ 4500mAh Battery က လန်းပါတယ်။ USB C Port ပါတာကလည်း အားသွင်းရင် ပိုမြန်စေပါတယ်။ 3.5mm Headphone Jack နဲ့ Contact-less Payment အတွက် NFC Chip ပါပါတယ်။ Cloud Blue နဲ့ Blue Fog အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ရုရှားမှာ ၂၂ ၉၉၀ ရူဘယ်နဲ့ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မြန်မာငွေ ၅၄၀ ၀၀၀ လောက်ရှိပါတယ်။

Ref : gizmochina

%d bloggers like this: