Huawei Nova 6 5G ရဲ့ ဓါတ်ပုံတွေထွက်ပေါ်လာ

လာမယ့် ရက်ပိုင်းအတွင်း ကြေညာတော့မယ့် Huawei Honor 6 5G ရဲ့ သတင်းတွေကို ကုမ္ပဏီက မျှဝေနေသလို ပေါက်ကြားသတင်းတွေလည်း မကြာခဏ ထွက်ပေါ်နေပါတယ်။ အခုတော့ သူ့ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာရောင် မော်ဒယ် ဖြစ်ပြီး အရင်သတင်းတွေအတိုင်း အရှေ့ ကင်မရာ ၂ လုံးကို Punch-hole Design တပ်ဆင်ထားပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ အသံနဲ့ ပါဝါခလုတ်တွေကို ညာဘက်မှာ တွေ့ရပါတယ်။

Huawei Nova 6 5G ရဲ့ ဗီဒီယို ၁ ခုကို မကြာခင်က မျှဝေခဲ့ပြီး 32MP Selfie Camera ပါမယ်ဆိုတာ သေချာသွားပါပြီ။ ဒါ့အပြင် 8MP Ultrawide Angle Camera ၁ လုံးလည်း အပိုပါလာမှာဖြစ်ပြီး ၁၀၅ ဒီဂရီ မြင်ကွင်းကျယ်ကို ဖမ်းယူပေးနိုင်ပါတယ်။ အလန်းစား Low-light Selfie တွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဘေးဘက်က ပါဝါခလုတ်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ စပီကာ အပေါက်နားမှာ USB-C တပ်ဆင်ထားပါတယ်။

ဝီဘိုကနေ ထွက်ပေါ်လာတဲ့ တခြား သတင်းတွေအရ သူ့မှာ ၆.၄၄ လက်မ 1080p IPS LCD , Kirin 990 Chipset , 5G Modem နဲ့ 4,000mAh Battery (40W Charging) တွေ ပါလာမှာ ဖြစ်ပါတယ်။ Sony ရဲ့ 60MP IMX686 နဲ့အတူ 16MP Ultrawide, 2MP Macro , 2MP Depth Sensor တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 40W Rapid Charging နဲ့ Kirin 990 5G Chipset ပါလာနိုင်ပါတယ်။

ပေါက်ကြားသတင်းအရ 8/128GB Model ကို ၃၄၉၉ ယွမ်နဲ့ 8/256GB Model ကို ၃၇၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၇၅၀ ၀၀၀ နဲ့ ၈၂၀ ၀၀၀ လောက်အသီးသီး ကျသင့်ပါတယ်။ 12/256GB Model ကို ၄၀၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၇၅၀ ၀၀၀ လောက်ရှိပါတယ်။

Ref : gsmarena

%d bloggers like this: