႐ုံးသုံး၊ ဂိမ္းေဆာ့ စြယ္စုံသုံး Laptop ရွာေနသူေတြအတြက္ ASUS ROG Zephyrus GA502

(Zawgyi)

႐ုံးသုံး၊ ဂိမ္းေဆာ့ စြယ္စုံသုံး Laptop ရွာေနသူေတြအတြက္ ASUS ROG Zephyrus GA502

 

ဂိမ္းေဆာ့ရတာ ဝါသနာပါေပမယ့္ အိမ္မွာ Gaming PC တလုံးဆင္ဖို႔ အေျခအေနမေပးသူေတြတိုင္း Gaming Laptop ေလးတလုံးေလာက္ေတာ့ လိုခ်င္ၾကမွာပါ။ 

အခုဆို  Gaming Laptop ေစ်းကြက္က ပိုက်ယ္ျပန္႔လာသလို ေ႐ြးခ်ယ္စရာ ေမာ္ဒယ္ေတြလည္း ပိုမ်ားလာတာေတာ့ ကိုယ္နဲ႔ သင့္ေတာ္မယ့္ Gaming Laptop တလုံး ေ႐ြးရတာ ပိုခက္လာပါတယ္။ အထူးသျဖင့္ ကိုယ့္ဘတ္ဂ်တ္နဲ႔ ရႏိုင္မယ့္ အေကာင္းဆုံးေမာ္ဒယ္ကို ရွာရတာက အလုပ္တခုပါ။

ဒီလို ဘဝတူဂိမ္မာေတြကို က်ေနာ္တို႔ DigitalTimes က ASUS ROG Laptop အသစ္တလုံးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။   ROG Zephyrus GA502 ပါ။

ROG နာမည္ၾကားတာနဲ႔ ေစ်းကေတာ့ လန္ထြက္ေနမွာပဲလို႔ ေတြးၿပီး မလန္႔သြားပါနဲ႔။ ႏိုး ဒီေကာင္က ေဒၚလာ ၁၀၀၀ ေက်ာ္ဝန္းက်င္ပဲ ရွိတာေၾကာင့္ ROG အစဥ္အလာနဲ႔ဆို ေစ်းသက္သာတယ္လို႔ေတာင္ ဆိုႏိုင္ပါတယ္။ ဂိမ္မာအမ်ားစု လက္လွမ္းမီႏိုင္ေလာက္မွာပါ။

ဒီဇိုင္း နဲ႔ ကိုယ္ထည္အရည္အေသြး

ROG ဆိုတာ ဂိမ္မာေတြနဲ႔ မစိမ္းတဲ့ နာမည္တခု ျဖစ္တာေၾကာင့္ အထူးတလည္ မိတ္ဆက္ေပးစရာ လိုမယ္ မထင္ပါဘူး။ ASUS ရဲ႕ အေကာင္းတကာ့အေကာင္းဆုံး Gaming Products ေတြ ဆိုေတာ့ ဒီဇိုင္းေကာ စြမ္းေဆာင္ရည္ပါ လုံးဝ ထိပ္တန္းအရည္အေသြး ရွိပါတယ္။ 

အခု Zephyrus GA502 မွာလည္း  ဒီအစဥ္အလာ မပ်က္သြားတဲ့အျပင္ ပိုေတာင္ မိုက္လာတယ္လို႔ ထင္ပါတယ္။ 

အခု Laptop ကို ျမင္လိုက္တာနဲ႔ “ဟာ..ပါးပါးေလးေနာ္” လို႔ ေသခ်ာေပါက္ မွတ္ခ်က္ျပဳမိမွာပါ။ 

Gaming Laptop အမ်ားစုဟာ သာမန္ လက္ပ္ေတာ့ေတြထက္ ထူၿပီး ႀကီးမားေလးလံတာေၾကာင့္ တေနရာရာ သယ္သြားဖို႔ ေတာ္ေတာ္စဥ္းစားရပါမယ္။

Portable Gaming Machine သာ ဆိုေပမယ့္ တကယ္တမ္း “Portable” မျဖစ္ဘူးလို႔ ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ ဒီအစဥ္အလာကို ASUS က  Zephyrus GA502 Gaming Laptop နဲ႔ ႐ိုက္ခ်ိဳးျပလိုက္ပါတယ္။

Zephyrus GA502 ဟာ အျမင္ပန္းနဲ႔ပဲ ဆုံးျဖတ္မယ္ဆိုရင္ လုံးဝ Ultrabook ပါပဲ။ ကိုယ္ထည္က ေတာ္ေတာ္ေလးပါးၿပီး၊ က်စ္လ်စ္ေသးငယ္တာေၾကာင့္ သြားေလရာ အလြယ္တကူ သယ္ေဆာင္သြားႏိုင္မွာပါ။ 

ၿပီးေတာ့ ေနာက္ထပ္သေဘာက်မိတာတခုက တခ်ိဳ႕ Gaming Laptop ေတြလို ဂိမ္မာေတြအႀကိဳက္ ဒီဇိုင္း မသုံးထားတာပါ။  ေျပာခ်င္တာက ကိုယ္ထည္မွာ ရႈပ္ရႈပ္ယွက္ယွက္ အခြၽန္အတက္လိုင္းေတြ မ်ဥ္းေတြ တခုမွ မပါဘဲ သပ္ရပ္လွပတဲ့ Minimalist ဒီဇိုင္းကိုပဲ အေကာင္းဆုံး အသုံးခ်ထားတာ ေတြ႕ရပါတယ္။

ကာဗာအဖုံးက ဘရပ္ရွ္လိုင္း ေဖာ္ထားတဲ့ ဒီဇိုင္းနဲ႔ ျဖစ္ၿပီး၊ မီးလင္းတဲ့ ROG Logo တခုပဲ ပါမွာပါ။ အတြင္းကိုယ္ထည္က ေလးေထာင့္က်က် ဒီဇိုင္းနဲ႔ ျဖစ္ကာ ကီးဘုတ္အေပၚဘက္မွာ အဖုံးဒီဇိုင္းနဲ႔ လိုက္ဖက္တဲ့ ေလထြက္ေပါက္ေလးေတြ ထည့္ေပးထားတာကလြဲလို႔ ႐ိုး႐ိုး အနက္ေျဗာင္အတိုင္းပါပဲ။ 

Zephyrus GA502 ကို စဖြင့္လိုက္တာနဲ႔ Lid ေတာ္ေတာ္ေလး ေကာင္းတာကိုလည္း သတိထားမိပါလိမ့္မယ္။ အေပၚအဖုံးကို သတၱဳနဲ႔ လုပ္ထားတာေၾကာင့္ ခိုင္ခံ့ေတာင့္တင္းမႈ အျပည့္ရွိတာ ခံစားမိမွာပါ။ 

က်ေနာ္သေဘာအက်ဆုံးကေတာ့ Lid ေတာ္ေတာ္ခိုင္တာပါ။ က်ေနာ္ စမ္းသပ္သုံးခဲ့ဖူးသမွ် Gaming Laptop ေတြ အပါအဝင္ Laptop ေတြထဲမွာ Lid အခိုင္ဆုံး Laptop တလုံးပါ။ မိတ္ေဆြလည္း Laptop ဝယ္ခါနီး Lid ခိုင္၊ မခိုင္း စမ္းခ်င္ရင္ Laptop ကို အဖုံးပိတ္ၿပီး၊ လက္ေခ်ာင္းတေခ်ာင္းထဲနဲ႔ ျပန္ဖြင့္ၾကည့္ပါ။ ကိုယ္ထည္ပါ ႂကြမလာဘဲ အဖုံးဖြင့္ႏိုင္တယ္ဆိုရင္ Lid Design ခိုင္ခံေကာင္းမြန္တယ္လို႔ အၾကမ္းဖ်ဥ္း ေျပာႏိုင္ပါတယ္။ 

မ်က္ႏွာျပင္

15.6-inch Non-glare Full HD IPS Panel နဲ႔ ပါ။ သာမန္ Full HD IPS Panel ေတြနဲ႔ ကြာတာက Refresh Rate 120Hz အထိ ေဖာ္ျပႏိုင္တာပါ။ Game ေဆာ့တာကအစ သာမန္ Web Browsing လုပ္တာ အဆုံး  ျမင္ျမင္သမွ် လုံးဝ Smooth ျဖစ္ေနမွာပါ။

အထူးသျဖင့္ အလ်င္အျမန္လႈပ္ရွားရတဲ့ FPS Games ေတြမွာ ပိုသိသာပါလိမ့္မယ္။ GPU ကလည္း FPS ဂိမ္းေတြကို 100 FPS အထက္နဲ႔ Run ႏိုင္တာေၾကာင့္ 60 FPS ထက္ သာလြန္မႈကို မ်က္ျမင္ကိုယ္ေတြ႕ ခံစားႏိုင္မွာပါ။ 

Display ကို အခု ေခတ္စားေနတဲ့အတိုင္း Bezel-less Design သုံးေပးထားတာကလည္း အားရစရာ အခ်က္တခုပါ။ ေဘးေဘာင္ေတြ ေတာ္ေတာ္ေသးၿပီး ကိုယ္ထည္နဲ႔ စခရင္အခ်ိဳးအစား 81% အထိေတာင္ ရွိပါတယ္။

 ႐ုပ္ရွင္ၾကည့္၊ ဂိမ္းေဆာ့တဲ့အခါ ကိုယ္တကယ္ ေရာက္သြားသလို စီးေမ်ာခံစားႏိုင္တဲ့ Immersive Experiance ကို ေပးစြမ္းႏိုင္ပါတယ္။

Display အရည္အေသြးေလး ဒီ့ထက္ ေကာင္းရင္ ပိုေတာင္ လန္ထြက္သြားမွာပါ။ အခု Display ကလည္း အေရာင္အေသြး မွန္ကန္တယ္ဆိုေပမယ့္ Brightness ပိုင္း သိပ္အားမရပါဘူး။ နည္းနည္း မႈိင္း (Dull) ေနသလိုေလး ခံစားရပါတယ္။

ဒီအခ်က္ကလြဲရင္ က်န္တာကေတာ့ အျပစ္ေျပာစရာ မရွိပါဘူး။ View Angle ေတာ္ေတာ္က်ယ္တာေၾကာင့္ အေနအထားေပါင္းစုံ၊ ေထာင့္ေပါင္းစုံကေန ၾကည္လင္ျပတ္သားစြာ ၾကည့္ရႈႏိုင္မွာပါ။ 

စြမ္းေဆာင္ရည္

Gaming Laptop တလုံးအတြက္ အေရးႀကီးဆုံးအပိုင္း ေရာက္လာပါၿပီ။

အခု ROG Zephyrus GA502 မွာ သုံးထားတာေတြက AMD Ryzen 7 3750H Processor နဲ႔ Nvidia GeForce GTX 1660 Ti (Max Q) GPU ပါ။ ဟုတ္ပါတယ္။ AMD နဲ႔ Nvidia Combo ပါ။

ပါဝါသုံးမႈ ပိုနည္းၿပီး Performance နည္းနည္းပိုနိမ့္တဲ့ Max Q ကတ္ ဆိုေပမယ့္ GeForce GTX 1070 Laptop ကတ္နဲ႔  စြမ္းေဆာင္ရည္ ယွဥ္ႏိုင္ပါတယ္။ ဒါေၾကာင့္ အခု ေခတ္စားေနတဲ့ AAA Titles ဂိမ္းအကုန္လုံးကို ေအးေဆး ေဆာ့ကစားႏိုင္မွာပါ။ GTA V ကို FHD မွာ 60fps ပတ္ဝန္းက်င္ ရပါတယ္။

Dota 2၊ Fortnite စတဲ့ Esports Titles ေတြဆိုရင္ေတာ့ အျမင့္ဆုံး Graphics မွာ 120fps အျပည့္နဲ႔ ေဆာ့ႏိုင္ပါတယ္။ 120fps က သာမန္မ်က္စိအျမင္နဲ႔ဆို သိပ္ေျပာပေလာက္ေအာင္ ထူးျခားမႈမရွိေပမယ့္ တကယ္ေဆာ့တဲ့အခါ ေတာ္ေတာ္ေလး သိသာမႈရွိတာ ေတြ႕ရမွာပါ။ CSGO တို႔လို Fast-paced games ေတြမွာ ပိုသိသာပါတယ္။ 

RAM အေနနဲ႔ 8GB DDR4 RAM ပါဝင္ၿပီး၊ အျမင့္ဆုံး 16GB RAM အထိ စိုက္ႏိုင္ပါတယ္။ 512GB NVMe PCIe SSD ပါဝင္ကာ၊ ေနာက္ထပ္ SSD Slot တခုလည္း ပါဦးမွာပါ။

GTX 1660 Ti မွာ 6GB VRAM နဲ႔ OBS ေဆာ့ဖ္ဝဲ အတြက္ အထူး Optimize လုပ္ေပးထားတဲ့ Dedicated Hardware Encoder လည္း ပါဝင္တာေၾကာင့္ Streamer ေတြအတြက္ ေတာ္ေတာ္ အဆင္ေျပမွာပါ။ ဂိမ္းေဆာ့ေနရင္း Twitch၊ YouTube၊ Facebook ေတြကို Livestream လုပ္မယ္ဆိုရင္လည္း အထစ္အေငါ့ ရွိမွာ မဟုတ္ပါဘူး။

Cooling System (အေအးေပးစနစ္) 

သုံးထားတဲ့ Specs ေတြ ဘယ္ေလာက္ေကာင္းေကာင္း Cooling System မေကာင္းရင္ အလကားပါပဲ။ အထူးသျဖင့္ လိုအပ္တဲ့ Hardwares အကုန္လုံးကို အလုံပိတ္ (နီးပါး) ေလးေထာင့္ကိုယ္ထည္ထဲမွာ စုၿပဳံထည့္ရတဲ့ Gaming Laptop ေတြမွာ ပိုလို႔ေတာင္ အေရးႀကီးပါတယ္။ အပူတက္လာတာနဲ႔အမွ် Performance က သိသိသာသာ က်လာမွာပါ။

ဒီလိုမျဖစ္ေစဖို႔အတြက္ ASUS ROG Zephyrus GA502 မွာ “Anti-dust Self-Cleaning Fans” ေတြ သုံးေပးထားပါတယ္။

Self-cleaning ဆိုတာ ဖုန္ကပ္ၿပီး ပန္ကာေကာင္းေကာင္း မလည္ႏိုင္ေတာ့တာမ်ိဳး မျဖစ္ေအာင္လို႔ ဖုန္ေတြကို အျပင္ကို အလိုအေလ်ာက္ ျပန္ထုတ္ေပးႏိုင္တဲ့ လမ္းေၾကာင္းတခု ပါဝင္တာကို ဆိုလိုတာပါ။ ေကာင္းက်ိဳးကေတာ့ အခ်ိန္ၾကာၾကာ အသုံးခံတာေပ့ါ။

ဒလက္ ၈၃ ခုထိ ပါတဲ့ ပန္ကာႏွစ္လုံးက လည္အားေတာ္ေတာ္ေကာင္းလြန္းလို႔ အျပင္ကေတာင္ ေတာ္ေတာ္က်ယ္က်ယ္ၾကားရပါတယ္။ နားၾကပ္မတပ္ဘဲ ဂိမ္းေဆာ့မယ္ဆိုရင္ ပန္ကာလည္သံက နည္းနည္းေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္စရာ ေကာင္းပါတယ္။

ROG Armoury Crate ကေန ပန္ကာလည္တာကို ထိန္းခ်ဳပ္ႏိုင္တယ္ဆိုေပမယ့္ ဂိမ္းေဆာ့တဲ့အခါ Performance or Turbo Mode ပဲ ထားေဆာ့ၾကေတာ့ အသံကေတာ့ သိသိသာသာ ထြက္ေနမွာပါ။

အလုပ္လုပ္၊ အင္တာနက္သုံးေလာက္ အေပါ့စား သုံးမယ္ဆိုရင္ေတာ့ ပန္ကာသံ ၾကားရမွာ မဟုတ္ပါဘူး။ ASUS Gaming Laptop အမ်ားစုဟာ တျခား Gaming Laptop ေတြထက္ ပန္ကာသံ ပိုက်ယ္ေနတာကို သတိထားမိပါတယ္။ 

Audio 

ASUS Laptop ေတြ ထုံးစံအတိုင္း အသံအရည္အေသြးကေတာ့ ‘စိတ္ေက်နပ္ဖြယ္’ အဆင့္ထက္ကို ပိုပါတယ္။ 

စက္ကို ဖြင့္လိုက္လို႔ Boot တက္လာတဲ့ အသံကအစ ႐ုပ္ရွင္႐ုံထဲ ေရာက္ေနသလိုပါပဲ။ Laptop အမ်ားစုအတိုင္း စပီကာႏွစ္လုံးကို ေအာက္ဘက္မွာ ထားထားေပမယ့္ အသံထြက္က က်ယ္ေလာင္ေကာင္းမြန္မႈ ရွိပါတယ္။ 

အသံက်ယ္တယ္ဆိုေပမယ့္ အသံအက္ကြဲသြားတာမ်ိဳးလည္း လုံးဝမရွိပါဘူး။ Bass သံကအစ ျပတ္ျပတ္သားသား ၾကားရမွာပါ။ ဒီအတြက္ Smart Amp နည္းပညာကို အသုံးျပဳထားတယ္လို႔ ASUS က ဆိုပါတယ္

 ဘယ္လို အလုပ္လုပ္လဲ မသိေပမယ့္ တကယ္အလုပ္ျဖစ္တဲ့ နည္းပညာဆိုတာကေတာ့ ျငင္းစရာ မရွိပါဘူး။ Hi-Res Audio Certification ရရွိထားတာေၾကာင့္ နားၾကပ္နဲ႔ နားေထာင္ရင္ အသံက ပိုလို႔ေတာင္ ေကာင္းပါလိမ့္မယ္။ 

Keyboard and Trackpad

က်ေနာ္ ခိုက္တာေတြခ်ည္း ေျပာေနလို႔ မရေသးဘူး။ သေဘာမက်တာေလးေတြလည္း ေျပာဦးမွ ၿပီးျပည့္စုံမယ္ ထင္ပါတယ္။ အရင္ဆုံး ဘဝင္မေတြ႕ျဖစ္မိတာကေတာ့ သူ႔ ကီးဘုတ္ပါ။ ကီးအထားအသို ဘာညာ ေျပာစရာ မရွိပါဘူး။

Body က က်စ္တာေၾကာင့္ ကီးဘုတ္လည္း ေသးသြားတယ္ဆိုေပမယ့္ ကီးေတြက အရမ္းႁပြတ္မေနပါဘူး။ 

ထုံးစံအတိုင္း Laptop အေျပာင္းအလဲဆို ကီးမွားႏွိပ္တာမ်ိဳး ႀကဳံရတတ္ေပမယ့္ ဒါက တရက္အတြင္း အသားက်သြားမွာပါ။

Gaming အတြက္ Shortcut Key ေတြ Funtion Key ေတြကို အလြယ္တကူ ႏွိပ္ႏိုင္တဲ့ အေနအထားမွာ ထည့္ေပးထားတာကလည္း Gamer ေတြ သေဘာက်မွာပါ။ 

ဒါေပမယ့္ ကီးဘုတ္ကို ႏွိပ္ရတဲ့ ဖီးလ္မွာေတာ့ တခုခု လိုေနသလို ခံစားရပါတယ္။ တျခား Gaming Laptop အမ်ားစုလို Chiclet Keyboard ပဲ ဆိုေပမယ့္ ႏွိပ္ရတဲ့ Feedback သိပ္မႀကိဳက္ပါဘူး။ အေပၚကို ျပန္ကန္တက္လာတဲ့ Feedback ေကာင္းေကာင္းမရဘဲ နည္းနည္း ေခ်ာင္ေနလို ခံစားရပါတယ္။

(ေျပာခ်င္တာက သာမန္ Laptop တလုံးအေနနဲ႔ ယွဥ္မယ္ဆိုရင္ေတာ့ ေကာင္းတဲ့အထဲ ပါပါတယ္။ ဒါေပမယ့္ Steelseries ထုတ္ ကီးဘုတ္ေတြ သုံးတဲ့ တခ်ိဳ႕ Gaming Laptop ေတြနဲ႔ ယွဥ္ရင္ လိုအပ္ေနေသးတယ္လို႔ ထင္ပါတယ္။ ဒါက က်ေနာ္ မႀကိဳက္တာကို ေျပာတာပါ။ တေယာက္နဲ႔ တေယာက္ အႀကိဳက္ခ်င္းေတာ့ တူမွာ မဟုတ္ပါဘူး။ )

Trackpad ကလည္း သုံးရတာ အဆင္ေျပ၊ တိက်တယ္။ Gaming Laptop မွာ Trackpad က အေရးမႀကီးဘူး ဆိုေပမယ့္ အခု Zephyrus GA502 က အလုပ္သုံး၊ ဂိမ္းေဆာ့ ဘက္စုံသုံးအတြက္ ရည္႐ြယ္ထားတဲ့ Laptop ဆိုေတာ့ Trackpad လည္း ေကာင္းေကာင္း ထည့္ေပးထားတာ ေတြ႕ရပါတယ္။ 

Softwares and Features

ASUS ROG Gaming Laptop ေတြမွာ ပါေနၾက Armory Crate ပါမယ္။ Laptop Performance Mode ကေန Display Profile ေျပာင္းတာအထိ Utility အစုံအလင္ကို ဒီ Software ကေန တခါတည္း လုပ္ႏိုင္တယ္။ တျခား ROG Peripherals ေတြနဲ႔ Lighting ေတြ ဘာေတြ Sync လုပ္ထားႏိုင္တယ္။

ေအာ္ ေျပာဖို႔ တခု က်န္ခဲ့တာက သူ႔ကီးဘုတ္က ႐ိုး႐ိုး Backlit ပဲေနာ္။ RGB မရပါဘူး။ RGB ပရိတ္သတ္ေတြအတြက္ အားနည္းခ်က္လို႔ ေျပာႏိုင္ေပမယ့္ RGB က အဲ့ေလာက္လည္း အေရးႀကီးတဲ့အခ်က္ မဟုတ္ဘူးလို႔ ထင္ပါတယ္။ အေမွာင္ထဲမွာ စာ႐ိုက္လို႔ရေအာင္ ေအာက္ခံမီးလင္းရင္ပဲ က်ေနာ့္အတြက္ အဆင္ေျပပါတယ္။ 

Game ေဆာ့တဲ့အခါ အသံထြက္ပိုေကာင္းေစဖို႔ ကိုယ့္စိတ္ႀကိဳက္ ခ်ိန္ညႇိႏိုင္တဲ့ Sonic Stuiod III ၊ Sonic Radar III စတဲ့ Softwares ေတြလည္း အစုံအလင္ ပါဝင္မွာပါ။ Streaming လုပ္တဲ့လူေတြအတြက္ ပိုအသုံးဝင္မယ္ ထင္ပါတယ္။ သာမန္ Gamer ေတြကေတာ့ သူ႔ Speaker နဲ႔တင္ ဂုဏ္ယူမဆုံး ျဖစ္ေနမွာပါ။ 

Ports 

3.5mm ဂ်က္ပင္ေပါက္၊ USB 3.1 Type C တေပါက္၊ Type A သုံးေပါက္နဲ႔  HDMI 2.0 အဆုံး အဓိက လိုအပ္တဲ့ Ports အစုံအလင္ ပါတယ္။ ဒီေလာက္ပါးတဲ့ ကိုယ္ထည္မွာ Ethernot Port အႀကီး ရေအာင္ ထည့္ေပးထားတာကေတာ့ ASUS ကို ခ်ီးက်ဳးစရာပါ။

Battery

က်ေနာ္ကေတာ့ Gaming Laptop တလုံး ဝယ္ရင္ ဘက္ထရီကို သိပ္မၾကည့္ပါဘူး။ ဘယ္သူမဆို ပလပ္တပ္ၿပီးပဲ Game ေဆာ့ၾကတာဆိုေတာ့ ဘက္ထရီ ခံ၊ မခံ အဲ့ေလာက္ အေရးမႀကီးဘူးလို႔ ထင္ပါတယ္။

ဒါေပမယ့္ အေရးတႀကီးအလုပ္လုပ္ေနတုန္း မီးပ်က္သြားတဲ့အခါမွာ ဘက္ထရီ ၾကာၾကာခံဖို႔ လိုပါတယ္။ အခု Laptop က AMD Proceesors နဲ႔ ဆိုေတာ့ ပါဝါသုံးစြဲမႈနည္းပါတယ္။

ၿပီးေတာ့ Fast Charging ပါတာေၾကာင့္ အားသြင္းရင္လည္း ခဏေလးပါ။ 

နိဂုံးခ်ဳပ္

အဆုံးသတ္အေနနဲ႔ ေျပာရရင္ ASUS ROG Zephyrus GA502 ဟာ သူ႔ေစ်းဝန္းက်င္ထဲမွာ Specs အရေကာ Design အရပါ ထိပ္တန္းအဆင့္ရွိတဲ့ Gaming Laptop တလုံးဆိုတာ အေသအခ်ာပါပဲ။

ဒီဇိုင္းကလည္း Ultrabook တလုံးလို ေပါ့ပါးက်စ္လ်စ္ေနေတာ့ ႐ုံး၊ ေက်ာင္း၊ ေကာ္ဖီဆိုင္ ဘယ္ေနရာ ယူသြားသြား အထာက်ေနမွာပါ။

အထူးသျဖင့္ ေက်ာင္းတက္၊ အလုပ္လုပ္ေနတဲ့ Gamer ေတြ ပို သေဘာက်မယ္လို႔ ထင္ပါတယ္။ ဝယ္ယူခ်င္သူေတြအေနနဲ႔ ASUS Facebook Page ကို သြားေရာက္ ၾကည့္ရႈႏိုင္ပါတယ္။ 

 

(Unicode)

ရုံးသုံး၊ ဂိမ်းဆော့ စွယ်စုံသုံး Laptop ရှာနေသူတွေအတွက် ASUS ROG Zephyrus GA502

 

ဂိမ်းဆော့ရတာ ဝါသနာပါပေမယ့် အိမ်မှာ Gaming PC တလုံးဆင်ဖို့ အခြေအနေမပေးသူတွေတိုင်း Gaming Laptop လေးတလုံးလောက်တော့ လိုချင်ကြမှာပါ။ 

အခုဆို  Gaming Laptop စျေးကွက်က ပိုကျယ်ပြန့်လာသလို ရွေးချယ်စရာ မော်ဒယ်တွေလည်း ပိုများလာတာတော့ ကိုယ်နဲ့ သင့်တော်မယ့် Gaming Laptop တလုံး ရွေးရတာ ပိုခက်လာပါတယ်။ အထူးသဖြင့် ကိုယ့်ဘတ်ဂျတ်နဲ့ ရနိုင်မယ့် အကောင်းဆုံးမော်ဒယ်ကို ရှာရတာက အလုပ်တခုပါ။

ဒီလို ဘဝတူဂိမ်မာတွေကို ကျနော်တို့ DigitalTimes က ASUS ROG Laptop အသစ်တလုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။   ROG Zephyrus GA502 ပါ။

ROG နာမည်ကြားတာနဲ့ စျေးကတော့ လန်ထွက်နေမှာပဲလို့ တွေးပြီး မလန့်သွားပါနဲ့။ နိုး ဒီကောင်က ဒေါ်လာ ၁၀၀၀ ကျော်ဝန်းကျင်ပဲ ရှိတာကြောင့် ROG အစဉ်အလာနဲ့ဆို စျေးသက်သာတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဂိမ်မာအများစု လက်လှမ်းမီနိုင်လောက်မှာပါ။

ဒီဇိုင်း နဲ့ ကိုယ်ထည်အရည်အသွေး

ROG ဆိုတာ ဂိမ်မာတွေနဲ့ မစိမ်းတဲ့ နာမည်တခု ဖြစ်တာကြောင့် အထူးတလည် မိတ်ဆက်ပေးစရာ လိုမယ် မထင်ပါဘူး။ ASUS ရဲ့ အကောင်းတကာ့အကောင်းဆုံး Gaming Products တွေ ဆိုတော့ ဒီဇိုင်းကော စွမ်းဆောင်ရည်ပါ လုံးဝ ထိပ်တန်းအရည်အသွေး ရှိပါတယ်။ 

အခု Zephyrus GA502 မှာလည်း  ဒီအစဉ်အလာ မပျက်သွားတဲ့အပြင် ပိုတောင် မိုက်လာတယ်လို့ ထင်ပါတယ်။ 

အခု Laptop ကို မြင်လိုက်တာနဲ့ “ဟာ..ပါးပါးလေးနော်” လို့ သေချာပေါက် မှတ်ချက်ပြုမိမှာပါ။ 

Gaming Laptop အများစုဟာ သာမန် လက်ပ်တော့တွေထက် ထူပြီး ကြီးမားလေးလံတာကြောင့် တနေရာရာ သယ်သွားဖို့ တော်တော်စဉ်းစားရပါမယ်။

Portable Gaming Machine သာ ဆိုပေမယ့် တကယ်တမ်း “Portable” မဖြစ်ဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီအစဉ်အလာကို ASUS က  Zephyrus GA502 Gaming Laptop နဲ့ ရိုက်ချိုးပြလိုက်ပါတယ်။

Zephyrus GA502 ဟာ အမြင်ပန်းနဲ့ပဲ ဆုံးဖြတ်မယ်ဆိုရင် လုံးဝ Ultrabook ပါပဲ။ ကိုယ်ထည်က တော်တော်လေးပါးပြီး၊ ကျစ်လျစ်သေးငယ်တာကြောင့် သွားလေရာ အလွယ်တကူ သယ်ဆောင်သွားနိုင်မှာပါ။ 

ပြီးတော့ နောက်ထပ်သဘောကျမိတာတခုက တချို့ Gaming Laptop တွေလို ဂိမ်မာတွေအကြိုက် ဒီဇိုင်း မသုံးထားတာပါ။  ပြောချင်တာက ကိုယ်ထည်မှာ ရှုပ်ရှုပ်ယှက်ယှက် အချွန်အတက်လိုင်းတွေ မျဉ်းတွေ တခုမှ မပါဘဲ သပ်ရပ်လှပတဲ့ Minimalist ဒီဇိုင်းကိုပဲ အကောင်းဆုံး အသုံးချထားတာ တွေ့ရပါတယ်။

ကာဗာအဖုံးက ဘရပ်ရှ်လိုင်း ဖော်ထားတဲ့ ဒီဇိုင်းနဲ့ ဖြစ်ပြီး၊ မီးလင်းတဲ့ ROG Logo တခုပဲ ပါမှာပါ။ အတွင်းကိုယ်ထည်က လေးထောင့်ကျကျ ဒီဇိုင်းနဲ့ ဖြစ်ကာ ကီးဘုတ်အပေါ်ဘက်မှာ အဖုံးဒီဇိုင်းနဲ့ လိုက်ဖက်တဲ့ လေထွက်ပေါက်လေးတွေ ထည့်ပေးထားတာကလွဲလို့ ရိုးရိုး အနက်ဗြောင်အတိုင်းပါပဲ။ 

Zephyrus GA502 ကို စဖွင့်လိုက်တာနဲ့ Lid တော်တော်လေး ကောင်းတာကိုလည်း သတိထားမိပါလိမ့်မယ်။ အပေါ်အဖုံးကို သတ္တုနဲ့ လုပ်ထားတာကြောင့် ခိုင်ခံ့တောင့်တင်းမှု အပြည့်ရှိတာ ခံစားမိမှာပါ။ 

ကျနော်သဘောအကျဆုံးကတော့ Lid တော်တော်ခိုင်တာပါ။ ကျနော် စမ်းသပ်သုံးခဲ့ဖူးသမျှ Gaming Laptop တွေ အပါအဝင် Laptop တွေထဲမှာ Lid အခိုင်ဆုံး Laptop တလုံးပါ။ မိတ်ဆွေလည်း Laptop ဝယ်ခါနီး Lid ခိုင်၊ မခိုင်း စမ်းချင်ရင် Laptop ကို အဖုံးပိတ်ပြီး၊ လက်ချောင်းတချောင်းထဲနဲ့ ပြန်ဖွင့်ကြည့်ပါ။ ကိုယ်ထည်ပါ ကြွမလာဘဲ အဖုံးဖွင့်နိုင်တယ်ဆိုရင် Lid Design ခိုင်ခံကောင်းမွန်တယ်လို့ အကြမ်းဖျဉ်း ပြောနိုင်ပါတယ်။ 

မျက်နှာပြင်

15.6-inch Non-glare Full HD IPS Panel နဲ့ ပါ။ သာမန် Full HD IPS Panel တွေနဲ့ ကွာတာက Refresh Rate 120Hz အထိ ဖော်ပြနိုင်တာပါ။ Game ဆော့တာကအစ သာမန် Web Browsing လုပ်တာ အဆုံး  မြင်မြင်သမျှ လုံးဝ Smooth ဖြစ်နေမှာပါ။

အထူးသဖြင့် အလျင်အမြန်လှုပ်ရှားရတဲ့ FPS Games တွေမှာ ပိုသိသာပါလိမ့်မယ်။ GPU ကလည်း FPS ဂိမ်းတွေကို 100 FPS အထက်နဲ့ Run နိုင်တာကြောင့် 60 FPS ထက် သာလွန်မှုကို မျက်မြင်ကိုယ်တွေ့ ခံစားနိုင်မှာပါ။ 

Display ကို အခု ခေတ်စားနေတဲ့အတိုင်း Bezel-less Design သုံးပေးထားတာကလည်း အားရစရာ အချက်တခုပါ။ ဘေးဘောင်တွေ တော်တော်သေးပြီး ကိုယ်ထည်နဲ့ စခရင်အချိုးအစား 81% အထိတောင် ရှိပါတယ်။

 ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့တဲ့အခါ ကိုယ်တကယ် ရောက်သွားသလို စီးမျောခံစားနိုင်တဲ့ Immersive Experiance ကို ပေးစွမ်းနိုင်ပါတယ်။

Display အရည်အသွေးလေး ဒီ့ထက် ကောင်းရင် ပိုတောင် လန်ထွက်သွားမှာပါ။ အခု Display ကလည်း အရောင်အသွေး မှန်ကန်တယ်ဆိုပေမယ့် Brightness ပိုင်း သိပ်အားမရပါဘူး။ နည်းနည်း မှိုင်း (Dull) နေသလိုလေး ခံစားရပါတယ်။

ဒီအချက်ကလွဲရင် ကျန်တာကတော့ အပြစ်ပြောစရာ မရှိပါဘူး။ View Angle တော်တော်ကျယ်တာကြောင့် အနေအထားပေါင်းစုံ၊ ထောင့်ပေါင်းစုံကနေ ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်မှာပါ။ 

စွမ်းဆောင်ရည်

Gaming Laptop တလုံးအတွက် အရေးကြီးဆုံးအပိုင်း ရောက်လာပါပြီ။

အခု ROG Zephyrus GA502 မှာ သုံးထားတာတွေက AMD Ryzen 7 3750H Processor နဲ့ Nvidia GeForce GTX 1660 Ti (Max Q) GPU ပါ။ ဟုတ်ပါတယ်။ AMD နဲ့ Nvidia Combo ပါ။

ပါဝါသုံးမှု ပိုနည်းပြီး Performance နည်းနည်းပိုနိမ့်တဲ့ Max Q ကတ် ဆိုပေမယ့် GeForce GTX 1070 Laptop ကတ်နဲ့  စွမ်းဆောင်ရည် ယှဉ်နိုင်ပါတယ်။ ဒါကြောင့် အခု ခေတ်စားနေတဲ့ AAA Titles ဂိမ်းအကုန်လုံးကို အေးဆေး ဆော့ကစားနိုင်မှာပါ။ GTA V ကို FHD မှာ 60fps ပတ်ဝန်းကျင် ရပါတယ်။

Dota 2၊ Fortnite စတဲ့ Esports Titles တွေဆိုရင်တော့ အမြင့်ဆုံး Graphics မှာ 120fps အပြည့်နဲ့ ဆော့နိုင်ပါတယ်။ 120fps က သာမန်မျက်စိအမြင်နဲ့ဆို သိပ်ပြောပလောက်အောင် ထူးခြားမှုမရှိပေမယ့် တကယ်ဆော့တဲ့အခါ တော်တော်လေး သိသာမှုရှိတာ တွေ့ရမှာပါ။ CSGO တို့လို Fast-paced games တွေမှာ ပိုသိသာပါတယ်။ 

RAM အနေနဲ့ 8GB DDR4 RAM ပါဝင်ပြီး၊ အမြင့်ဆုံး 16GB RAM အထိ စိုက်နိုင်ပါတယ်။ 512GB NVMe PCIe SSD ပါဝင်ကာ၊ နောက်ထပ် SSD Slot တခုလည်း ပါဦးမှာပါ။

GTX 1660 Ti မှာ 6GB VRAM နဲ့ OBS ဆော့ဖ်ဝဲ အတွက် အထူး Optimize လုပ်ပေးထားတဲ့ Dedicated Hardware Encoder လည်း ပါဝင်တာကြောင့် Streamer တွေအတွက် တော်တော် အဆင်ပြေမှာပါ။ ဂိမ်းဆော့နေရင်း Twitch၊ YouTube၊ Facebook တွေကို Livestream လုပ်မယ်ဆိုရင်လည်း အထစ်အငေါ့ ရှိမှာ မဟုတ်ပါဘူး။

Cooling System (အအေးပေးစနစ်) 

သုံးထားတဲ့ Specs တွေ ဘယ်လောက်ကောင်းကောင်း Cooling System မကောင်းရင် အလကားပါပဲ။ အထူးသဖြင့် လိုအပ်တဲ့ Hardwares အကုန်လုံးကို အလုံပိတ် (နီးပါး) လေးထောင့်ကိုယ်ထည်ထဲမှာ စုပြုံထည့်ရတဲ့ Gaming Laptop တွေမှာ ပိုလို့တောင် အရေးကြီးပါတယ်။ အပူတက်လာတာနဲ့အမျှ Performance က သိသိသာသာ ကျလာမှာပါ။

ဒီလိုမဖြစ်စေဖို့အတွက် ASUS ROG Zephyrus GA502 မှာ “Anti-dust Self-Cleaning Fans” တွေ သုံးပေးထားပါတယ်။

Self-cleaning ဆိုတာ ဖုန်ကပ်ပြီး ပန်ကာကောင်းကောင်း မလည်နိုင်တော့တာမျိုး မဖြစ်အောင်လို့ ဖုန်တွေကို အပြင်ကို အလိုအလျောက် ပြန်ထုတ်ပေးနိုင်တဲ့ လမ်းကြောင်းတခု ပါဝင်တာကို ဆိုလိုတာပါ။ ကောင်းကျိုးကတော့ အချိန်ကြာကြာ အသုံးခံတာပေ့ါ။

ဒလက် ၈၃ ခုထိ ပါတဲ့ ပန်ကာနှစ်လုံးက လည်အားတော်တော်ကောင်းလွန်းလို့ အပြင်ကတောင် တော်တော်ကျယ်ကျယ်ကြားရပါတယ်။ နားကြပ်မတပ်ဘဲ ဂိမ်းဆော့မယ်ဆိုရင် ပန်ကာလည်သံက နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းပါတယ်။

ROG Armoury Crate ကနေ ပန်ကာလည်တာကို ထိန်းချုပ်နိုင်တယ်ဆိုပေမယ့် ဂိမ်းဆော့တဲ့အခါ Performance or Turbo Mode ပဲ ထားဆော့ကြတော့ အသံကတော့ သိသိသာသာ ထွက်နေမှာပါ။

အလုပ်လုပ်၊ အင်တာနက်သုံးလောက် အပေါ့စား သုံးမယ်ဆိုရင်တော့ ပန်ကာသံ ကြားရမှာ မဟုတ်ပါဘူး။ ASUS Gaming Laptop အများစုဟာ တခြား Gaming Laptop တွေထက် ပန်ကာသံ ပိုကျယ်နေတာကို သတိထားမိပါတယ်။ 

Audio 

ASUS Laptop တွေ ထုံးစံအတိုင်း အသံအရည်အသွေးကတော့ ‘စိတ်ကျေနပ်ဖွယ်’ အဆင့်ထက်ကို ပိုပါတယ်။ 

စက်ကို ဖွင့်လိုက်လို့ Boot တက်လာတဲ့ အသံကအစ ရုပ်ရှင်ရုံထဲ ရောက်နေသလိုပါပဲ။ Laptop အများစုအတိုင်း စပီကာနှစ်လုံးကို အောက်ဘက်မှာ ထားထားပေမယ့် အသံထွက်က ကျယ်လောင်ကောင်းမွန်မှု ရှိပါတယ်။ 

အသံကျယ်တယ်ဆိုပေမယ့် အသံအက်ကွဲသွားတာမျိုးလည်း လုံးဝမရှိပါဘူး။ Bass သံကအစ ပြတ်ပြတ်သားသား ကြားရမှာပါ။ ဒီအတွက် Smart Amp နည်းပညာကို အသုံးပြုထားတယ်လို့ ASUS က ဆိုပါတယ်

 ဘယ်လို အလုပ်လုပ်လဲ မသိပေမယ့် တကယ်အလုပ်ဖြစ်တဲ့ နည်းပညာဆိုတာကတော့ ငြင်းစရာ မရှိပါဘူး။ Hi-Res Audio Certification ရရှိထားတာကြောင့် နားကြပ်နဲ့ နားထောင်ရင် အသံက ပိုလို့တောင် ကောင်းပါလိမ့်မယ်။ 

Keyboard and Trackpad

ကျနော် ခိုက်တာတွေချည်း ပြောနေလို့ မရသေးဘူး။ သဘောမကျတာလေးတွေလည်း ပြောဦးမှ ပြီးပြည့်စုံမယ် ထင်ပါတယ်။ အရင်ဆုံး ဘဝင်မတွေ့ဖြစ်မိတာကတော့ သူ့ ကီးဘုတ်ပါ။ ကီးအထားအသို ဘာညာ ပြောစရာ မရှိပါဘူး။

Body က ကျစ်တာကြောင့် ကီးဘုတ်လည်း သေးသွားတယ်ဆိုပေမယ့် ကီးတွေက အရမ်းပြွတ်မနေပါဘူး။ 

ထုံးစံအတိုင်း Laptop အပြောင်းအလဲဆို ကီးမှားနှိပ်တာမျိုး ကြုံရတတ်ပေမယ့် ဒါက တရက်အတွင်း အသားကျသွားမှာပါ။

Gaming အတွက် Shortcut Key တွေ Funtion Key တွေကို အလွယ်တကူ နှိပ်နိုင်တဲ့ အနေအထားမှာ ထည့်ပေးထားတာကလည်း Gamer တွေ သဘောကျမှာပါ။ 

ဒါပေမယ့် ကီးဘုတ်ကို နှိပ်ရတဲ့ ဖီးလ်မှာတော့ တခုခု လိုနေသလို ခံစားရပါတယ်။ တခြား Gaming Laptop အများစုလို Chiclet Keyboard ပဲ ဆိုပေမယ့် နှိပ်ရတဲ့ Feedback သိပ်မကြိုက်ပါဘူး။ အပေါ်ကို ပြန်ကန်တက်လာတဲ့ Feedback ကောင်းကောင်းမရဘဲ နည်းနည်း ချောင်နေလို ခံစားရပါတယ်။

(ပြောချင်တာက သာမန် Laptop တလုံးအနေနဲ့ ယှဉ်မယ်ဆိုရင်တော့ ကောင်းတဲ့အထဲ ပါပါတယ်။ ဒါပေမယ့် Steelseries ထုတ် ကီးဘုတ်တွေ သုံးတဲ့ တချို့ Gaming Laptop တွေနဲ့ ယှဉ်ရင် လိုအပ်နေသေးတယ်လို့ ထင်ပါတယ်။ ဒါက ကျနော် မကြိုက်တာကို ပြောတာပါ။ တယောက်နဲ့ တယောက် အကြိုက်ချင်းတော့ တူမှာ မဟုတ်ပါဘူး။ )

Trackpad ကလည်း သုံးရတာ အဆင်ပြေ၊ တိကျတယ်။ Gaming Laptop မှာ Trackpad က အရေးမကြီးဘူး ဆိုပေမယ့် အခု Zephyrus GA502 က အလုပ်သုံး၊ ဂိမ်းဆော့ ဘက်စုံသုံးအတွက် ရည်ရွယ်ထားတဲ့ Laptop ဆိုတော့ Trackpad လည်း ကောင်းကောင်း ထည့်ပေးထားတာ တွေ့ရပါတယ်။ 

Softwares and Features

ASUS ROG Gaming Laptop တွေမှာ ပါနေကြ Armory Crate ပါမယ်။ Laptop Performance Mode ကနေ Display Profile ပြောင်းတာအထိ Utility အစုံအလင်ကို ဒီ Software ကနေ တခါတည်း လုပ်နိုင်တယ်။ တခြား ROG Peripherals တွေနဲ့ Lighting တွေ ဘာတွေ Sync လုပ်ထားနိုင်တယ်။

အော် ပြောဖို့ တခု ကျန်ခဲ့တာက သူ့ကီးဘုတ်က ရိုးရိုး Backlit ပဲနော်။ RGB မရပါဘူး။ RGB ပရိတ်သတ်တွေအတွက် အားနည်းချက်လို့ ပြောနိုင်ပေမယ့် RGB က အဲ့လောက်လည်း အရေးကြီးတဲ့အချက် မဟုတ်ဘူးလို့ ထင်ပါတယ်။ အမှောင်ထဲမှာ စာရိုက်လို့ရအောင် အောက်ခံမီးလင်းရင်ပဲ ကျနော့်အတွက် အဆင်ပြေပါတယ်။ 

Game ဆော့တဲ့အခါ အသံထွက်ပိုကောင်းစေဖို့ ကိုယ့်စိတ်ကြိုက် ချိန်ညှိနိုင်တဲ့ Sonic Stuiod III ၊ Sonic Radar III စတဲ့ Softwares တွေလည်း အစုံအလင် ပါဝင်မှာပါ။ Streaming လုပ်တဲ့လူတွေအတွက် ပိုအသုံးဝင်မယ် ထင်ပါတယ်။ သာမန် Gamer တွေကတော့ သူ့ Speaker နဲ့တင် ဂုဏ်ယူမဆုံး ဖြစ်နေမှာပါ။ 

Ports 

3.5mm ဂျက်ပင်ပေါက်၊ USB 3.1 Type C တပေါက်၊ Type A သုံးပေါက်နဲ့  HDMI 2.0 အဆုံး အဓိက လိုအပ်တဲ့ Ports အစုံအလင် ပါတယ်။ ဒီလောက်ပါးတဲ့ ကိုယ်ထည်မှာ Ethernot Port အကြီး ရအောင် ထည့်ပေးထားတာကတော့ ASUS ကို ချီးကျုးစရာပါ။

Battery

ကျနော်ကတော့ Gaming Laptop တလုံး ဝယ်ရင် ဘက်ထရီကို သိပ်မကြည့်ပါဘူး။ ဘယ်သူမဆို ပလပ်တပ်ပြီးပဲ Game ဆော့ကြတာဆိုတော့ ဘက်ထရီ ခံ၊ မခံ အဲ့လောက် အရေးမကြီးဘူးလို့ ထင်ပါတယ်။

ဒါပေမယ့် အရေးတကြီးအလုပ်လုပ်နေတုန်း မီးပျက်သွားတဲ့အခါမှာ ဘက်ထရီ ကြာကြာခံဖို့ လိုပါတယ်။ အခု Laptop က AMD Proceesors နဲ့ ဆိုတော့ ပါဝါသုံးစွဲမှုနည်းပါတယ်။

ပြီးတော့ Fast Charging ပါတာကြောင့် အားသွင်းရင်လည်း ခဏလေးပါ။ 

နိဂုံးချုပ်

အဆုံးသတ်အနေနဲ့ ပြောရရင် ASUS ROG Zephyrus GA502 ဟာ သူ့စျေးဝန်းကျင်ထဲမှာ Specs အရကော Design အရပါ ထိပ်တန်းအဆင့်ရှိတဲ့ Gaming Laptop တလုံးဆိုတာ အသေအချာပါပဲ။

ဒီဇိုင်းကလည်း Ultrabook တလုံးလို ပေါ့ပါးကျစ်လျစ်နေတော့ ရုံး၊ ကျောင်း၊ ကော်ဖီဆိုင် ဘယ်နေရာ ယူသွားသွား အထာကျနေမှာပါ။

အထူးသဖြင့် ကျောင်းတက်၊ အလုပ်လုပ်နေတဲ့ Gamer တွေ ပို သဘောကျမယ်လို့ ထင်ပါတယ်။ ဝယ်ယူချင်သူတွေအနေနဲ့ ASUS Facebook Page ကို သွားရောက် ကြည့်ရှုနိုင်ပါတယ်။ 

 

%d bloggers like this: