Realme X2 Pro ရဲ့ 6/64GB Model ကို အိန္ဒိယမှာ ရောင်းနိုင်

မကြာသေးခင်ကပဲ Realme X2 Pro ကို အိန္ဒိယမှာ ရောင်းချပေးခဲ့ပါတယ်။ စွမ်းရည်မြင့်ဖုန်း ဖြစ်ပေမယ့် ဈေးချိုတဲ့အတွက် အရမ်းကို လူကြိုက်များနေပါတယ်။ 8/128GB နဲ့ 12/256GB Model တွေ ရောင်းချပေးထားပါတယ်။ အခုတော့ သူတို့ထက် ဈေးသက်သာတဲ့ 6/64GB Model ကို ရောင်းချပေးတော့မယ်လို့ သတင်းထွက်လာပါတယ်။ Realme India Website မှာ အဲဒီ Model ကို တွေ့နေရပါတယ်။

RAM/Storage ပဲကွာခြားပြီး တခြား Specs တွေက မူလ Model တွေနဲ့ တူညီနိုင်ပါတယ်။ သူဟာ Realme ရဲ့ ပထမဆုံး စွမ်းရည်မြင့် ဖုန်းပါ။ အရွယ်သေး Notch ပါပြီး Screen-to-body Ratio က ၉၁.၇ ရာခိုင်နှုန်း ရှိတဲ့ အတွက် အရမ်းလှပါတယ်။ 90Hz Refresh Rate နဲ့ 135Hz Touch Sampling ပါတဲ့အတွက် ဖုန်းကို ထိတွေ့သုံးရင် အရမ်းကို မြန်ပါတယ်။ ဂိမ်းကစားရင်တော့ ရှယ်ပဲပေါ့။

Liquid Cooling နည်းပညာ ထည့်ထားတဲ့အတွက် အပူလွန်ကဲတာကို ကာကွယ်ပေးပါတယ်။ အနောက်ဘက်မှာ 64MP အပါအဝင် ကင်မရာ ၄ လုံး ပါပါတယ်။ အရှေ့ ကင်မရာကလည်း 16MP ဆိုတော့ တော်တော် လန်းပါတယ်။ Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ ၃၅ မိနစ်မှာ အားအပြည့်သွင်းပေးနိုင်တဲ့ 50W Super VOOC Flash Charge ပါတဲ့ 4000mAh Battery ထည့်ထားပါတယ်။

realme X2 Pro specifications

• 6.5-inch (2400 x 1080 pixels) Full HD+ 20:9 aspect ratio Fluid AMOLED 2.5D curved glass display with 90Hz refresh rate, HDR10+, 100% DCI -P3 color gamut, Corning Gorilla Glass 5 Protection
• Octa-Core Snapdragon 855 Plus (1 x Kryo 485 at 2.96GHz + 3 x Kryo 485 at 2.42GHz + 4 x Kryo 385 at 1.8GHz) 7nm Mobile Platform with 675MHz Adreno 640 GPU
• 6GB LPDDR4X RAM with 64GB (UFS 3.0) / 8GB LPDDR4X RAM with 128GB (UFS 3.0) / 12GB LPDDR4X RAM with 256GB (UFS 3.0) storage
• Android 9.0 (Pie) with ColorOS
• Dual SIM
• 64MP rear camera with 1/1.72″ Samsung GW1 sensor, 0.8μm pixel size, f/1.8 aperture, LED flash, EIS, 13MP Telephoto lens with 1/3.4″ sensor, 1μm pixel size, f/2.5 aperture for up to 20x hybrid zoom, 2.5cm macro, 8MP 115° 1/3.13″ ultra-wide angle lens with 1.4μm pixel size, f/2.2 aperture, 2MP depth sensor with f/2.4 aperture,1.75μm pixel size, 960fps slow-motion
• 16MP front-facing camera with Sony IMX471 sensor, f/2.0 aperture, 1.0μm pixel size
• In-display fingerprint sensor
• 3.5mm audio jack, Stereo Speakers, Dolby Atmos
• 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz) 2×2 MIMO, Bluetooth 5, GPS, GLONASS, USB Type-C
• Dimensions: 161×75.7×8.7mm; Weight: 199g
• 4000mAh battery (typical) / 3920mAh (minimum) with 50W (10W/5A) SuperVOOC fast charging

ဥရောပမှာတော့ 6/64GB ကို ၃၉၉ ယူရို၊ 8/128GB ကို ၄၄၉ ယူရိုနဲ့ 12/256GB ကို ၄၉၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆၅၀ ၀၀၀ နဲ့ ၈၃၀ ၀၀၀ အကြားမှာ ရှိပါတယ်။

Ref : fonearena , gsmarena

%d bloggers like this: