ကွာတား ၃ မှာ ဝင်ငွေ စံချိန်တင်သွားတဲ့ Xiaomi

Xiaomi က ၂၀၁၉ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလကြားမှာ ရောင်းအားတွေ ဖလန်းဖလန်းထနေပါတယ်။ စမတ်ဖုန်း ရောင်းအားကတော့ အရင်နှစ် ကွာတား ၃ ထက် ကျဆင်းသွားပြီး ရောင်းအားတက်လာတာက IoT နဲ့ Smart Home Device တွေ ဖြစ်ပါတယ်။

ကွာတား ၃ မှာ IoT နဲ့ တခြား Consumer Electronics Device တွေဟာ ဒေါ်လာ ၂.၂၂ ဘီလီယမ်ဖိုး ရောင်းချခဲ့ရပြီး အရင်နှစ်ကထက် ၄၄.၄ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ စမတ်ဖုန်းရောင်းအားဟာ ဒေါ်လာ ၄.၅၉ ဘီလီယမ်ပဲရှိပြီး အရင်နှစ်ကထက် ၇.၈ ရာခိုင်နှုန်း နည်းပါးသွားပါတယ်။ ကွာတား ၃ မှာ စမတ်ဖုန်း အလုံးရေ ၃၂.၁ သန်း ရောင်းချခဲ့ပြီး Canalys ရဲ့ စစ်တမ်းအရ ကမ္ဘာ့ ဖုန်း ရောင်းအား အကောင်းဆုံး ကုမ္ပဏီ စာရင်းမှာ နံပါတ် ၄ နေရာကို သိမ်းပိုက်ထားပါတယ်။ ကမ္ဘာ့ စမတ်ဖုန်းဈေးကွက်ရဲ့ ၉.၂ ရာခိုင်နှုန်းကို ရထားပါတယ်။

Xiaomi ရဲ့ Smart TV နဲ့ Laptop တွေဟာ ဒေါ်လာ ၈၂၄ သန်းဖိုးရောင်းချခဲ့ရပြီး အရင်နှစ်ကထက် ၃၆.၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ကမ္ဘာအဝန်းမှာ Xiaomi ရဲ့ ရောင်းအားတွေကလည်း တိုးတက်လာနေပါတယ်။ အရင်နှစ် ကွာတား ၃ ထက် ရောင်းအား ၁၇.၂ ရာခိုင်နှုန်း တိုးတက်လာပြီး ဝင်ငွေရဲ့ ထက်ဝက်နီးပါးဟာ တရုတ် ပြင်ပမှာ ရောင်းချရတာ ဖြစ်ပါတယ်။

ဒီနှစ် ပထမ ကိုးလရဲ့ အမြတ်ငွေဟာ ဒေါ်လာ ၁.၃ ဘီလီယမ် ရှိပြီး အရင်နှစ်ကထက် ၃၇.၁ ရာခိုင်နှုန်း ပိုတိုးတက်လာတာပါ။ ၂၀၁၈ ခုနှစ်တစ်နှစ်လုံးရဲ့ အမြတ်ငွေထက် ပိုများတဲ့ ပမာဏ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: