Paris မှာ ဥရောပရဲ့ အကြီးမားဆုံး စတိုးကို ဖွင့်လှစ်လိုက်တဲ့ Xiaomi

Xiaomi က ဥရောပမှာ ပွဲကြမ်းဖို့ နောက်ထပ် ခြေလှမ်း အသစ်တစ်ခုကို စတင်လိုက်ပါတယ်။ ရှောင်မီက ပြင်သစ် နိုင်ငံ ၊ ပဲရစ်မြို့ရဲ့ နာမည်ကျော် Champs-Elysees လမ်းရှိ Old Continent တွင် ဥရောပရဲ့ အကြီးမားဆုံး Mi Store ကို ဖွင့်လှစ်လိုက်ပါတယ်။ လူတွေဟာ ၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်လောက် အေးချမ်းနေတာကို အံတုပြီး စီတန်းနေတဲ့ အတွက် Mi Fans တွေ တော်တော်များတယ်လို့ ဆိုနိုင်ပါတယ်။

Xiaomi ရဲ့ တွစ်တာမှ ပုံများ အရ အဲဒီ စတိုးမှာ Redmi Note 6 Pro ၊ Pocophone F1 ကနေ နားကြပ်များ ၊ Yi Cameras ၊ Purifier ၊ Home Appliances များအထိ ထုတ်ကုန်များကို စုံလင်စွာ ရောင်းချပေးထားပါတယ်။ ဒါဟာ ပြင်သစ်မှာ ရှောင်မီရဲ့ ဒုတိယမြောက် စတိုးဆိုင်ဖြစ်ပါတယ်။ ဥရောပမှာတော့ အကြီးမားဆုံး Mi Store ဖြစ်ပါတယ်။

ပဲရစ်မှာ မရှိတဲ့ လူများအတွက်လည်း ကုမ္ပဏီက သူ့ရဲ့ ပြင်သစ် အွန်လိုင်း စတိုးမှာ သုံးရက်ကြာ အရောင်းပွဲတော်ကို ပြုလုပ်ပေးနေပါတယ်။

Ref : gsmarena

%d bloggers like this: