Boeing က Self-driving Plane ကို ပြသ

လေယာဉ် ထုတ်လုပ်တဲ့ နာမည်ကျော် ကုမ္ပဏီ Boeing ရဲ့ ကုမ္ပဏီခွဲ တစ်ခု ဖြစ်တဲ့ Aurora Flight Science က ပထမဆုံး အကြိမ်အနေနဲ့ မောင်းသူမဲ့ လေယာဉ်ကို စမ်းသပ်ပျံသန်းခဲ့ပါတယ်။ သူဟာ အီလက်ထရစ် စွမ်းအင်သုံး လေယာဉ် ဖြစ်ပြီး စက္ကန့်ပိုင်းအတွင်းမှာ ဒေါင်လိုက် ပျံတက်၊ ဆင်းသက် နိုင်ပါတယ်။

ဗာဂျီးနီးယားမှ ကုမ္ပဏီရဲ့ စမ်းသပ်ကွင်းမှာ လေယာဉ်ကို ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ထပ်မံ စမ်းသပ်ဦးမယ်လို့ ဘိုးရင်းက ပြောပါတယ်။ အနာဂတ်မှာ မောင်းသူမဲ့ တက္ကစီ လေယာဉ်များဟာ တိုက်ခေါင်မိုး တစ်ခုကနေ အခြား တစ်ခု ပေါ်သို့ ပျံသန်း နိုင်ဖို့ နီးစပ်လာပါပြီ။ မောင်းသူမဲ့ ယာဉ်ပံျများက ကားလမ်း ပိတ်ဆို့မှုကိုလည်း လျှော့ချပေးလာမှာ ဖြစ်ပါတယ်။

ဘိုးရင်းက သူ့ရဲ့ မောင်းသူမဲ့ အီလက်ထရစ် လေယာဉ်ဟာ မိုင် ၅၀ အထိ မောင်းနှင်နိုင်တယ်လို့ ပြောပါတယ်။ လေယာဉ်ဟာ ပေ ၃၀ အရှည်နဲ့ ၂၈ ပေ အကျယ် ရှိပါတယ်။ တောင်ပံနှစ်ခု တပ်ဆင်ထားပါတယ်။

ဘိုးရင်းက လေကြောင်း သုတေသန ကုမ္ပဏီ ဖြစ်တဲ့ Aurora Flight Sciences ကို ၂၀၁၇ ခုနှစ်မှာ ဝယ်ယူခဲ့ပါတယ်။ သူဟာ မိုးပျံ တက္ကစီများကို ဖန်တီးဖို့ အတွက် Uber နဲ့ ပူးပေါင်း လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်ပါတယ်။ Uber က မောင်းသူမဲ့ တက္ကစီ ယာဉ်ပျံများကို ၂၀၂၃ ခုနှစ်မှာ ဝန်ဆောင်မှု ပေးဖို့ စီစဉ်ထားပါတယ်။

Ref : theverge

%d bloggers like this: